ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံနည်းပညာတက္ကသိုလ်ရှိ
ဘော်ဒါဆောင်တွင် Quarantine ဝင်ရောက် နေသူ ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦး ထွက်ပြေးမှု
ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ၎င်းအား ပြန်လည် ခေါ်ဆောင်လာနေပြီ ဖြစ်ကြောင်း သိရသည်။
.
.
ပင်လုံနည်းပညာတက္ကသိုလ် Quarantine စင်တာတွင် Quaratnine
ဝင်ရောက်နေသူ ၁၁၆ ဦး ရှိသည့်အနက် ဇူလိုင်လ ၁၆ ရက်၊ ညပိုင်းက တန်းစီစစ်ဆေးရာ
တစ်ဦး ပျောက်ဆုံးနေသဖြင့် စုံစမ်းရာ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဆနင်း ကျေးရွာအုပ်စု၊
နင်းမွန်ကျေးရွာနေ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ စိုင်းစန္ဒာညို သည် ပျောက်ဆုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
“မနေ့ညက သွားတာပါ။ အခု ပြန်လိုက်ရှာတော့ တွေ့ပါပြီ။ သူ့ကိုအခု
Quarantine
စင်တာဆီ ပြန်ခေါ် လာနေပါပြီ” ဟု လွိုင်လင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ Quarantine စင်တာမှ ထွက်ပြေးခဲ့သူ စိုင်းစန္ဒာညိုကို
လက်ရှိတွင် Quarantine ရက်ပြည့်သည်အထိ စင်တာ၌ ဆက်လက်ထားရှိမည်ဖြစ်ပြီး
ရက်ပြည့်ပါက ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက် သွားရန် ရှိနေကြောင်း
သိရသည်။
.
No comments:
Post a Comment