မျိုးညွန့်ရွှေ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊
နာဟောင်ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာ ကျောင်းတွင် Community Based Facility Quarantine ဝင်ရောက်နေသူ အသက်
၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇူလိုင်လ ၁၄ ရက်၊ နံနက်ပိုင်းက နှလုံးရောဂါဖြင့် သေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အဆိုပါအမျိုးသမီးသည်
ကွန်နားကျေးရွာအုပ်စု ၊ဆွမ်မရမ်းကျေးရွာတွင်နေထိုင်သူဖြစ်ပြီး
မိုးနဲမြို့သို့ ဇူလိုင် ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာပြီး Quarantine ဝင်ရောက်နေသည် မှာ
၁၁ ရက်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ယင်းအမျိုးသမီးသည် မိုးနဲမြို့သို့ ပြန်မရောက်မီက ထိုင်းနိုင်ငံတွင်
နှလုံးရောဂါဖြင့် ဆေးကုသမှု ခံယူခဲ့သူ ဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်၊ နံနက်တွင် အိပ်ရာမှ
မထလာသဖြင့် ကျန်းမာရေးဝန်ထမ်းများက စမ်းသပ် စစ်ဆေးရာ နံနက် ၁ နာရီအချိန်ခန့်က
သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်းနှင့် သေဆုံးသူ၏ နှာခေါင်းနှင့် အာခေါင်
တို့ပတ်နမူနားများကို ဓာတ်ခွဲစစ်ဆေးရန်ပို့ဆောင်ထားခဲ့ရာတွင် ဇူလိုင် ၁၂ ရက်
ဓာတ်ခွဲစမ်းသပ်ချက် အဖြေအရ COVID-19 ရောဂါ (Negative) ဖြစ်ကြောင်းသိရသည်။
.
မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့တို့တွင် Quarantine ထားရှိသူ ကျား ၂၁ ဦး
နှင့် မ ၁၆ ဦး စုစုပေါင်း ၃၇ ဦး ရှိကြောင်း မိုးနဲမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ၊ကုသရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက် အရသိရသည်။
.
No comments:
Post a Comment