မင်းဇော်မင်း
.
တရုတ်နိုင်ငံမှ အာလူးများ ဝင်ရောက်နေမှုကြောင့်
ပြည်တွင်းရှိ အာလူးစိုက်ပျိုးထုတ်လုပ် ရောင်းချနေသည့် အာလူးစိုက်တောင်သူများ
ဈေးကွက်နစ်နာမှုများ ဖြစ်ပေါ် နေရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း အာလူးစိုက်ပျိုး
ထုတ်လုပ် စိုက်ပျိုးရောင်းချသူများ အသင်းထံက သိရသည်။
.
.
“ပြည်ပက အာလူး ဝင်ရောက် နေတာတွေကို အခွန်မြှင့်ပြီး ထိန်းနိုင်ဖို့၊
မျိုးတင်မယ် ဆိုရင်လည်း သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ တင် သွင်းစေဖို့
တင်ပြထားပေမဲ့ မထိ ရောက်ဘူး ဖြစ်နေတယ်။ နယ်စပ်က သွင်းလာပြီး မန္တလေး မှာ
အိတ်ပြောင်း ထည့်၊ ပုံပြောင်းပြီး ရန်ကုန်ကို သယ် နေကြတာပါ။ အာလူးစိုက် တောင်
သူတွေ အတွက်တော့ သက်ဆိုင်ရာ အစိုးရနဲ့ ဌာနတွေက စောင့်ရှောက်မှ သာ
အဆင်ပြေတော့မှာပါ။ အခု တော့ မျိုးက မယှဉ်နိုင်၊ ထွက်နှုန်းကလျော့၊ ရောဂါက
မနိုင်နဲ့ ဆိုတော့ သု တေသနနဲ့ တကယ့် စိုက်ပျိုးရေး အ ဆင့်မြင့် ထွက်ကုန်ဖြစ်ဖို့
တောင်သူ တွေကတော့ မတတ် နိုင်တော့ပါဘူး” ဟု ရှမ်းပြည်နယ်တောင်ပိုင်း အာလူး
စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းကျော် က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
မူဆယ် စသည့် နယ်စပ်ပေါက် များမှ အများအပြား ဝင်ရောက်နေ သည့်
တရုတ်အာလူးများကို ကန့် သတ် တင်သွင်းခြင်း၊ အခွန် တိုးမြှင့် ကောက်ခံခြင်းဖြင့်
ထိန်းချုပ်စေခြင်း၊ မျိုးရင်းဖြစ်လျှင် လုပ်ထုံးလုပ်နည်း နှင့် အညီ
တင်သွင်းစေခြင်း တို့ဖြင့် တောင်သူများကို အကာအကွယ်ပေး ရန် လိုအပ်နေသည့်အပြင်
မျိုးစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းရေးအတွက် သု တေသနပိုင်းမှ အထူးဆောင်ရွက်ပေး
ခြင်းတို့ဖြင့် ပြည်တွင်းအာလူး စိုက် တောင်သူများကို အကာအကွယ်ပေး ရန်
လိုအပ်နေကြောင်း ၎င်းက ဆက် လက် ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသထွက် အာလူးမျိုးရင်းများမှာ ရော
ဂါ များပြားသည့်အပြင် တရုတ် အာ လူးများ၏ ထွက်နှုန်းကို မယှဉ်နိုင် သဖြင့်
တရုတ်မျိုးများကို မှာယူစိုက် ပျိုးနေရသည်ဖြစ်ရာ ပြည်တွင်းမျိုး များ အားကောင်း
မောင်းသန် ဖြစ် စေရန် လိုအပ်ကြောင်းနှင့် ထွက်နှုန်း နှင့် ဈေးကွက်အရလည်း
မယှဉ်နိုင် ဖြစ်နေခြင်းတို့ကြောင့် ပြည်ပ တင် သွင်းမှုကို အခွန်မြှင့် ကန့်သတ်တင်
သွင်းခွင့် ပြုပေးစေလိုကြောင်း တောင်သူများထံက သိရသည်။
.
ရှမ်းပြည်နယ် တောင်ပိုင်းတွင် အာလူးကို ဘော်ဆိုင်း၊ ဟဲဟိုး၊
ပင် လောင်း၊ နောင်တရား၊ ရွာငံ၊ ပင်း တယ၊ ကျုံး၊ မြင်းမူးဒေသများ၌ ရေ သွင်းနှင့်
ကုန်းပေါ် နည်းစနစ်များဖြင့် စိုက်ပျိုးကြပြီး ရေသွင်းစိုက်ဧက ၃၀၀၀ နှင့်
ကုန်းပေါ်ဧက ၂ ကြိမ် တွင် စိုက်ဧက ၃၀၀၀ မှ ၅၀၀၀ ခန့် ရှိကြောင်း သိရသည်။
.
ရေသွင်းစနစ်ကို နှစ်စဉ် ဇန်နဝါ ရီလတွင် စတင်စိုက်ပျိုးပြီး
ဧပြီ၊ မေ လများတွင် ထွက်ရှိ၍ ကုန်းပေါ် စနစ် ကို ဧပြီ၊ မေလများတွင် တစ်ကြိမ်
စိုက်ပျိုး၍ ဇူလိုင်၊ သြဂုတ်လများတွင် ထွက်၍၊ ဇူလိုင်၊ သြဂုတ်တွင် တစ် ကြိမ်
စိုက်ပျိုး၍ အောက်တိုဘာ နို ဝင်ဘာ များတွင် တစ်ကြိမ် ထွက်ရှိ ကြောင်း သိရသည်။
.
ကုန်းပေါ်အာလူးများမှာ ရောဂါ ထူပြီး ထွက်နှုန်း လျော့သဖြင့်
မျိုး ကျန်အတွက်သာ စိုက်ပျိုးကြပြီး ရေ သွင်း အာလူးကို အဓိက အားထား
စိုက်ပျိုးကြကြောင်း သိရသည်။
.
ကုန်ကျစရိတ် အနေဖြင့် ရေသွင်း တစ်ဧကလျှင် သွင်းအားစုအပါအဝင်
ကျပ် သိန်း ၂ဝ မှ ၂၅ သိန်းခန့်အထိ ကုန်ကျပြီး ထွက်နှုန်း ၅၀၀၀ ပိဿာ ရရှိလျှင် ကျပ်
၆၀၀ စျေးရပါက ၅ သိန်းခန့် ကျန်ရှိကာ ပိဿာ ၆၀၀၀ ထွက်ပါက ကျပ် ၁၁ သိန်းခန့် ကျန်
ရှိသည်ဟု သိရသည်။
.
ယခုနှစ်သည် မိုးနည်း၍ ရာသီဥ တုပြောင်းလဲမှု ပြင်းထန်သည့်
အပြင် စျေးကွက်အတွင်းသို့ တရုတ် အာလူး များ အများအပြား ဝင်ရောက်နေမှုက အာလူးစိုက်
တောင်သူများ၏ စျေး ကွက်ကို ထိခိုက်စေသည့် အပြင် ဘဝ ရပ်တည်ရေး အတွက်ပါ အကြပ်တွေ့
စေပြီး ဂေါ်ဖီ၊ မုံလာ စိုက်ခင်းများ အ ရှုံးနှင့် ရင်ဆိုင်ခဲ့ရကာ အကြွေးတင်
ကျန်နေရကြောင်း တောင်သူများထံ က သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသ ထွက် အာလူးများကို ရန်ကုန်၊
မန္တ လေး၊ မကွေးမှသည် ကော့သောင်းမြို့ အထိ တင်ပို့ရောင်းချနေရရာမှ ယခု အခါ
တရုတ်အာလူးများ ဝင်ရောက် လာမှုကြောင့် ဈေးကွက် ထိခိုက်နေ ရခြင်းဖြစ်ကြောင်း
ကုန်သည်များထံက သိရသည်။
.
No comments:
Post a Comment