မင်းဇော်မင်း
.
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မှာ လာမည့်
နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်
တော် အသီးသီး၌ လွှတ်တော်ကိုယ် စားလှယ် ၃၄ နေရာ ဝင်ရောက်ယှဉ် ပြိုင်
သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ကွင်းတွင်
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဗဟို
ကော်မတီ တတိယအကြိမ် အစည်း အဝေးမှ ယင်းကဲ့သို့ အတည်ပြု ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
“ဗဟိုကော်မတီကို
အင်အားတိုး ချဲ့ဖွဲ့စည်းပါတယ်။ အရင်က ၄၅ ဦး ကနေ ထပ်မံပြီး ၁၁ ဦးတိုးချဲ့ပါတယ်။
အားလုံး ၅၆ ဦး ရှိပါတယ်။ လစ်လပ် နေရာတွေကို ဖြည့်ဆည်းတာ ထပ်မံ ဖြည့်စွက်တာတွေနဲ့
အနာဂတ် မူဝါဒများအနက် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့တွေဖွဲ့ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အချိန်ကတော့ ရွေး ကောက်ပွဲမတိုင်မီမှာ ထပ်မံပြီး မိတ် ဖက်ပါတီကြီး
တစ်ရပ်ကို ရွေးချယ် သွားဖို့ အတည်ပြုဆုံးဖြတ် ကြဖို့ ရှိပါမယ်”ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ဗဟိုကော်မတီဝင် ဦး ခွန်ကျော်သူ က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အစည်းအဝေးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဖွဲ့စည်းပုံစည်း
မျဉ်းတွင် ထပ်မံ ဖြည့်စွက်ထားသော အဖွဲ့အစည်း သက်တမ်းနှင့် လူငယ် ရေးရာ မူဝါဒ ၉
ချက်၊၊ အမျိုးသမီး ရေးရာ မူဝါဒ ၇ ချက်၊ မြေယာနှင့် သဘာဝ သယံဇာတ မူဝါဒ ၉ ချက်တို့
ကို တင်သွင်း အတည်ပြုခြင်း၊ သတ္တမ အကြိမ် ပအိုဝ်းအမျိုးသား ညီလာခံကို COVID-19 ကာလ အခြေအနေအရ
ရွှေ့ဆိုင်းရခြင်း အကြောင်းရင်းများ ရှင်းလင်းခြင်း၊ ရွေး ကောက်ပွဲဝင်မည့်
ဆောင်ပုဒ် အတည်ပြုခြင်း၊ ၂၀၂၀ ရွေး ကောက်ပွဲ ဝင်မည့် မြို့နယ်များနှင့် မဲဆန္ဒနယ်
များကို အတည်ပြုခြင်း၊ ရွေးကောက် ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းများ၏ အရည်အချင်း
သတ်မှတ် ချက်များကို အတည်ပြုခြင်း၊ ၂၀၂ဝ ရွေးကောက်ပွဲ အောင်နိုင်ရေးဗဟိုကော်မတီ
ဖွဲ့စည်းမည့် အကြောင်း အရာ များ ဆွေးနွေးခြင်း တို့ ကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
.
ယင်း အစည်းအဝေး ဆုံးဖြတ် ချက်အရ ပအိုဝ်းအမျိုးသား
အဖွဲ့ချုပ် (PNO)အနေဖြင့်
ပအိုဝ်းလူမျိုးများ နေထိုင်သည့် ရှမ်းပြည်နယ်တောင် ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်
နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေ သကြီးတို့တွင် လွှတ်တော်ကိုယ်စား လှယ် ၃၄
နေရာ ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး အမျိုးသားလွှတ် တော် ၅ နေရာ၊ ပြည်သူ့
လွှတ်တော် ၉ နေရာ၊ ပြည်နယ် လွှတ်တော် ၁၈ နေရာနှင့်
ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီး ၂ နေရာ တို့ကို ဝင်ရောက် ယှဉ်ပြိုင် သွားမည်
ဖြစ်ကြောင်း သိရ သည်။
.
လက်ရှိတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ဗဟို ကော်မတီကို
ဥက္ကဌ ဦးခွန်စံလွင်၊ ဒုဥက္ကဌများအဖြစ် ဦးခွန်ဝင်းကို၊ ဦးခွန်မောင်သောင်း၊ အတွင်းရေးမှူးချုပ်အဖြစ်
ဦးခွန်သိန်း ဖေ၊ အတွင်းရေးမှူး(၁) ဦးနေဝင်း ထွန်း၊ အတွင်းရေးမှူး(၂)အဖြစ် ဦးခွန်
ထွန်းရင်တို့ဖြင့် ဖွဲ့စည်း ထားကြောင်း သိရှိရပါသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်တွင် ပအိုဝ်းအမျိုးသား အ
ဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် နေရာ ၆ ဦး အနိုင်ရရှိထားပြီး ပအိုဝ်း
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်
များတွင် အပြည့်အဝ အနိုင်ရရှိထား ခြင်းဖြစ်ကြောင်း သိရသည်။
.
လာမည့် ရွေးကောက်ပွဲတွင် ပ အိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) အနေဖြင့်
တိုင်းပြည်အကျိုး၊ ပြည်နယ် အကျိုး၊ ဒေသအကျိုး၊ ပအိုဝ်းအမျိုးသား အကျိုးပြုနိုင်မည့်
မည်သည့်ပါတီနှင့် မဆို မိတ်ဖက် ပြုလုပ်ထားရှိ သွားမည် ဖြစ်ကြောင်းနှင့်
သတ္တမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံကို Covid -19 ရောဂါ အခြေအနေ ပေါ်တွင် မူတည်ကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment