ကဒူးကြီးဒေသ အကျိုးပြု နောင်ထောဝ်-ပွန်ချောင်း ကတ္တရာထပ်ပိုးလွှာ လမ်းဖွင့်ပွဲသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် တက်ရောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကဒူးကြီးဒေသ အကျိုးပြု နောင်ထောဝ်-ပွန်ချောင်း ကတ္တရာထပ်ပိုးလွှာ လမ်းဖွင့်ပွဲသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် တက်ရောက်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အတွင်းရှိ ကဒူးကြီး ဒေသ အကျိုးပြု နောင်ထောဝ်-ပွန် ချောင်း (၃/၂) မိုင် ကတ္တရာထပ်ပိုးလွှာ လမ်းဖွင့်ပွဲကို ဇူလိုင်လ ၁၇ ရက်၊ နံနက်  ပိုင်းက အဆိုပါ လမ်းပိုင်းတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြောင်း သိရသည်။
.
 .
ယင်း ဆီဆိုင်မြို့နယ်၊ နောင် ထောဝ်ကျေးရွာမှ ပွန်ချောင်းတံတား အထိ ကျောက်လမ်း (၃/၂) မိုင်အား ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းနှင့် Box Culvert ၂ စင်း တည်ဆောက် ခြင်း လုပ်ငန်းများကို ဓနုမင်းသား ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ဒီလမ်းက မောက်မယ်ကဒူးကြီး ဒေသအတွက်  ငြိမ်းချမ်းရေးရန်ပုံငွေနဲ့ စတင်လုပ်ဆောင်တဲ့ ပထမဆုံး ကတ္တ ရာ ထပ်ပိုးလွှာခင်း လမ်းဖြစ်တယ်။ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ ဖြိုးရေး လမ်းဖြစ်တဲ့အတွက် ထပ်မံ ပြီးလည်း အကောင်အထည်ဖော် ဖို့ရှိ ပါမယ်”ဟု PNLO ဒုဥက္ကဋ္ဌ ဦးခွန်မြင့် ထွန်းက ပြောသည်။
.
လမ်း လုပ်ဆောင်နိုင်ရေး အ တွက် ပြီးခဲ့သည့် မတ်လ ၆ ရက်က ကွင်း ဆင်းကြည့်ရှုလာသည့် ရှမ်းပြည် နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား တင်ပြခဲ့သဖြင့် ယခုလို ကတ္တရာထပ် ပိုးလွှာခင်းလမ်း ဖြစ်မြောက်လာခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး ရန်ပုံငွေမှ ကျပ် သိန်း ၃၃၀၀ ကျော်ဖြင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က ယခုလမ်းသည် ငြိမ်းချမ်းရေးရန်ပုံငွေဖြင့် ပထမဆုံးကမကထ ပြုလုပ်သည့် လမ်းဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
.
ယင်း လမ်းသည် နောင်ထော်-ပွန်ချောင်းဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၈ ရွာကို အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။
.
လမ်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်း ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီးလှဦး၊ ပအိုဝ်း ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦး ခွန်စံလွင်နှင့် အဖွဲ့ဝင် များ၊ PNLO ဒု တိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းတို့က ဖဲ ကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး PNLO/PNLA နှင့် ဒေသခံ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats