စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊
ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ အိမ်တော်အတွင်းရှိ ရင်စို့လုံးပတ် ၁၉ ပေ ၁၀ လက်
မအရွယ်ရှိ ကျောက်ပန်းပြားပင်အား မြန်မာနိုင်ငံတွင် အကြီးဆုံး ကျောက်
ပန်းပြားပင်အဖြစ် ဇူလိုင်လ ၂၁ ရက် က မှတ်တမ်း တင်ထားကြောင်း ရှမ်း ပြည်နယ်
သစ်တောဦးစီးဌာနမှ သိရ သည်။
.
.
“တွေ့သလောက်ဆိုရင်
မြန်မာနိုင်ငံမှာ အကြီးဆုံးလို့ယူဆတယ်။ မတွေ့တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။
အိမ် တော်ဝင်းထဲဆိုတော့ အစဉ်အဆက် ထိန်းသိမ်းလာတာကြောင့် ဒီ လောက်ကြီးခွင့်ရတယ်လို့
ထင်တယ်” ဟု ရှမ်းပြည်နယ်သစ်တောဦးစီးဌာန မှ ညွှန်ကြားရေးမှူးဦးခင်မောင်ဝင်း က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကျောက်ပန်းပြားပင်သည် သိပ္ပံ အမည် - Calocedrus decurrens (torr.) florin အင်္ဂလိပ်အမည်
California incense ceder မျိုးရင်း Cupressa ceae ဖြစ်ပြီး အမြဲစိမ်း
အပင် အမျိုးအစားဖြစ်ကာ ပင်လယ် ရေ မျက်နှာ ပြင်အထက် ၁၆၀ ပေမှ ၉၅၁၀ ပေ အထိ
ပေါက်ရောက်နိုင် ကြောင်း သိရသည်။
.
အဆိုပါ ကျောက်ပန်းပြားပင်သည် အမြင့်ပေ ၁၉၀ အထိ ကြီးထွား
နိုင်ပြီး အစေးထွက်၍ ရနံ့ရှိသော သစ်မျိုး ဖြစ်ကာ အလှပင်အဖြစ် အများ ဆုံး
စိုက်ပျိုးကြကြောင်း သိရသည်။
.
ကျောက်ပန်းပြားပင် မျိုးသည် သစ်မာ အမျိုးအစား မဟုတ်သော်
လည်း စီးပွားရေးအရ အရေးပါသည့် သစ်ပျော့ အမျိုးအစားဖြစ်ကာ အ ဆောက်အဦနှင့်
ပရိဘောဂများတွင် သုံးစွဲနိုင်ပြီး ခဲတံ ပြုလုပ်ရာတွင် အသုံး ပြုသည့်
အကောင်းဆုံးသစ်မျိုးဖြစ် ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် အကြီးဆုံးဟု ယူဆရသော
တောင်ဇလပ်ပင်၊ ချယ်ရီပင်၊ သရက္ခန် ပင်၊ သနပ်ခါးပင်နှင့် ကျောက် ပန်းပြားပင်
များကို မှတ် တမ်းတင်နိုင် ခဲ့ပြီး ၎င်းအပင်များထက် အရွယ်အ စား ကြီးမားသည့်
အပင်ကြီးများတွေ့ ရှိပါက လက်ရှိ အကြီးဆုံးဖြစ်မှု အ ဆင့်ကို လိုအပ်သလို
ပြင်ဆင်သွား မည်ဖြစ်ကာ သတင်းပေးမှုများ၊ အချက်အလက်ဖြင့် ထောက်ပြမှုများကို
ကြိုဆို လက်ခံလျက်ရှိကြောင်း ဦး ခင်မောင်ဝင်းက ဆက်လက် ပြောဆိုခဲ့သည်။
.
No comments:
Post a Comment