မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့တွင် ဇူလိုင်လ ၁၅ ရက်က သင်္ကန်းဝတ်
ဆင်ထားသူတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွမူးယစ်ဆေးပြား ၁၀ သိန်း ခန့် ကို
ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
.
.
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၅ ရက်၊
နံနက် ၉ နာရီခွဲခန့်က ပင်လောင်းမြို့နယ်၊ လိန်းလီ တံတားထိပ်တွင် ပိတ်ဆို့ရှာဖွေရေး
ပြုလုပ်နေစဉ် ပင်လောင်းမြို့ဘက်မှ ပေါင်းလောင်းမြို့ဘက်သို့ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊
အောင်ဆုပန်ကျောင်းတိုက်မှ ဦးဓမ္မဝံသ (လူအမည် နိုင်အေး) မောင်းနှင် လာသည့် မော်တော်ယာဉ်အား ရပ်တန့်ခိုင်းရာ ၎င်းမှ ရပ်တန့်ပေးခြင်းမရှိဘဲ ပေါင်းလောင်းမြို့ဘက်သို့
မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ပေါင်းလောင်းမြို့၊ ဖိုကုန်း၊
မြို့မရဲစခန်းအရှေ့တွင် ဖမ်းဆီးရမိ ပြီး ယာဉ်၏နောက်ခန်းရှိ ဆာလာအိတ် အတွင်းမှ
မူးယစ်ဆေးပြား ၂ သိန်းပြားစီပါ ဆာလာအိတ် ၅ အိတ်၊ စုစုပေါင်း မူးယစ်ဆေးပြား ၁၀ သိန်းခန့်ကို
တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ၎င်းနှင့်အတူ ပါလာသည့် ပစ္စည်းပိုင်ရှင်ဆိုသူ မောင်းလာသည့်ကားအား
လိုက်လံရှာဖွေရာတွင် တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာ၊ လက်ပံပင်ကျေးရွာအနီး လျှိုမြောင်တောစပ်ရေမြောင်းဘေးတွင်
ကားအား ရှာဖွေတွေ့ရှိခဲ့သော်လည်း လူကိုမတွေ့ရသဖြင့် ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း
သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် ဦးဓမ္မဝံသ (နိုင်အေး)
အား ဗလသိဒ္ဓိရပ်ကွက်၊ သာသနာ့ပါလ ဓမ္မရိပ်သာ မြိတ်ကျောင်းဆရာတော် ဦးနန္ဒောဘာသမှ
လူဝတ်လဲ သိက္ခာချပေးခဲ့ပြီး ပေါင်းလောင်းမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးဆိုင်ရာဥပဒေများဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.
No comments:
Post a Comment