စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသခံအချို့သည် နာနတ်သီးများကို တစ်ပိုင်တစ်နိုင်
စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိကာ စီးပွားရေး အဆင်ပြေနေကြကြောင်း
သိရသည်။
.
.
မိုးစပါး စိုက်ရာသီ၌ ယခုကဲ့သို့
ရာသီဥတုပူပြင်းသည့်အရှိန်ကြောင့် ဆေးဖက်ဝင်ပြီး ဝမ်းအေး၊ ဝမ်းမှန်စေ သည့် ရာသီစာ နာနတ်သီး
အရောင်း အဝယ် လုပ်ငန်းမှာ အဆင်ပြေနေခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းယောင်း ဒေသထွက် နာနတ်သီး
တစ်လုံးလျှင် ကျပ် ၅၀၀ မှ ကျပ် ၂၀၀၀ အထိ ရောင်းရကြောင်း မိုင်း ယောင်းမြို့တွင် တစ်ပိုင် တစ်နိုင်
နာနတ်သီး စိုက်ပျိုး ရောင်းချသူများထံက သိရသည်။
.
မိုင်းယောင်းဒေသက ထွက်သည့် နာနတ်သီးများသည် ဒေသမျိုးကို သ ဘာဝအတိုင်း စိုက်ပျိုးထားသဖြင့်
အန္တရာယ်ကင်းပြီး အနံ့အရသာနှင့် ပြည့်စုံ ကောင်းမွန်ခြင်းကြောင့် ရာ သီဥတုပူပြင်းမှုနှင့်အတူ
စပါးစိုက် ရာ သီတွင် နာနတ်သီး ဝယ်ယူစားသုံးသူ ပို များလာပြီး ယခုရက်ပိုင်းတွင် နာနတ်သီး
ရောင်းချသူများ အဆင်ပြေ နေကြကြောင်း သိရသည်။
.
No comments:
Post a Comment