ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီး မြို့ပေါ်ရှိ တစ်ပတ်ရစ် (Second Hand) လက်ကိုင်ဖုန်း ဈေးကွက်တွင် အသုံးပြုရန်
ဝယ်ယူသူထက် ပြန်လည်ရောင်းချသူ ပိုမိုများပြားလာနေကြောင်း တစ်ပတ်ရစ် လက်ကိုင်ဖုန်း တစ်ဆင့်
ပြန်လည် ဝယ်ယူရောင်းချ သူများထံက သိရသည်။
.
.
တောင်ကြီးမြို့ပေါ်တွင်
တစ်ပတ် ရစ်ဖုန်းအရောင်းဆိုင် ရာနှင့်ချီ ရှိနေ ပြီး ဆိုင်တိုင်းတွင် ဖုန်းပြန်လည် လာ
ရောက် ရောင်းချသူများပြားနေခြင်း ဖြစ်ကြောင်း ရဲဘော်ဈေး အနီးတွင် ဖွင့်ထားသည့် တစ်ပတ်ရစ်ဖုန်း
ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“အခုက ဝယ်တဲ့လူထက်
ပြန် လာရောင်းတဲ့လူက များနေတယ်။ ဘာလို့ ရောင်းတဲ့လူများလည်း ဆို တော့ အဓိကက သူတို့ငွေကြေး
လို အပ်ချက်ကြောင့်ပါ။ COVID-19 ကာ လအတွင်း အလုပ်အကိုင်တွေပါးတာ ရယ် တချို့တွေ နားလိုက်ရတာတွေ
ရယ်ကြောင့် ဖုန်းပြန်ရောင်းတဲ့လူများ နေတာပါ ” ဟု ဖုန်းအရောင်း အဝယ် ပြုလုပ်နေသည့်
ကိုအယ်သားက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တစ်ပတ်ရစ် လက်ကိုင်ဖုန်းများ
ကို ငွေကြေး လိုအပ်ချက်အရ ဖုန်း ပြန် လည်ရောင်းချသူနှင့် ငွေကြေးအပို ထွက်အောင် အလဲအထပ်
ပြုလုပ်သူ များပြားခြင်းကြောင့် တစ်ပတ်ရစ် ဖုန်းစျေးကွက်တွင် စျေးနှုန်းလည်း ကျဆင်းနေပြီး
ယခင် ၅၀၀၀၀ ကျပ် ခန့်ဖြင့် အရောင်းအဝယ် ပြုလုပ်နေ သည့် ဖုန်းမှာ လက်ရှိအချိန်တွင် ငွေ
ကျပ် ၃၅၀၀၀ ခန့်သာ ဈေးနှုန်း ရရှိ ကြောင်း သိရသည်။
.
စျေးကွက်အတွင်း
ဖုန်းပြန်လည် ရောင်းချသူနှင့် အလဲအထပ် ပြုလုပ် သူ များပြားနေသည့်အတွက် ခိုးရာပါ ပစ္စည်းနှင့်
လုယက်လာသည့် ဖုန်း များ ပါလာနိုင်ခြင်းကြောင့် အရောင်း အဝယ်ပြုလုပ်ရာတွင်ချင့်ချိန်
ဂရုစိုက် နေရသည်ဟုလည်း တစ်ပတ်ရစ် ဖုန်း ရောင်းဝယ်ရေး ဆိုင်များထံက သိရ သည်။
.
No comments:
Post a Comment