မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့တွင် လာမည့် ဇူလိုင်လ ၆ ရက်၌ တစ် ကိုယ်တော် လမ်းလျှောက် ချီတက် ဆန္ဒဖော်ထုတ်ရန်
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြလျှောက်ထားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ပါတီဝင် ဦးအောင်စိုးထက်၏ တင်ပြထားမှုအား ယနေ့ ဇူလိုင်လ ၄ ရက် ညနေပိုင်းတွင် သက်ဆိုင်ရာမှ
ခွင့်ပြုပေးခဲ့သည်ဟု ဦးအောင်စိုးထက်ထံက သိရသည်။
.
.
၎င်းအနေဖြင့်
လက်ရှိ NLD ပါတီ မြို့နယ်အဆင့်တွင် ပွင့်လင်းမြင်သာမှု မရှိဘဲ အုပ်စုအနေဖြင့် လက်ဝါးကြီး အုပ်
လုပ်ဆောင်နေမှုများကို မခံရပ်နိုင်သဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဦးအောင်စိုးထက်က
ကမ္ဘောဇ တိုင်းသို့ ပြောသည်။
“၁၉ ဦးကော်မတီ
ပြန်ဖွဲ့တာ ပါတီဝင်တွေ မသိရဘူး။ လူဟောင်းလည်း ၆ ဦးလောက်ပဲ ပြန်ပါတယ်။ ပါလာတဲ့ အသစ်တွေက
၂၀၁၇ နောက်ပိုင်းကလူတွေ။ ပြီးတော့ ရပ်မိရပ်ဖ ရွေးတာလည်း ဘာမှမသိရဘူး။ အဲဒီထဲမှာ အရင်
တခြားပါတီကလူတွေ ပါလာတယ်။ ကျွန်တော့်အဖေကိုယ်တိုင် ကိုယ်စားလှယ်လောင်း လျှောက်လွှာ တင်တယ်။
ဘယ်လိုတွေ ရွေးချယ်တယ်၊ ဘယ်သူက အရွေးခံရတယ် ဘာမှအသိမပေးဘူး။ ဒါကြောင့် ဆဲဗင်း ဂျူလိုင်မှာ
ကျောင်းသားထု ဖြိုခွဲခံရသလို ပင်းတယမြို့နယ် EC တွေလည်း ပွင့်လင်းမြင်သာမှုမရှိ ဖြိုခွဲခံရ တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်” ဟု ဦးအောင်စိုးထက်က
ပြော သည်။
.
ယင်းကဲ့သို့
တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ရန်အတွက် တင်ပြထားမှုကို သက်ဆိုင်ရာက ခွင့်ပြုကြောင်း ယနေ့
ဇူလိုင်လ ၄ ရက်၊ ညနေ ၃ နာရီအချိန်တွင် အကြောင်းကြားလာခဲ့ပြီး ဆန္ဒဖော်ထုတ်မည့် ဇူလိုင်လ
၆ ရက်တွင် နိုင်ငံတော်အလံ၊ NLD
ပါတီအလံတို့ကို ကိုင်ဆောင်ကာ NLD
တံဆိပ် ပါရှိသည့် အင်္ကျီနှင့် ကချင်ပုဆိုးတို့ကို ဝတ်ဆင် ဆန္ဒဖော်ထုတ်သွားမည်ဟု ၎င်းက ဆိုသည်။
.
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင်
ပြီးခဲ့သည့် မတ်လ ၃ဝ ရက်က ပါတီမှနှုတ်ထွက်သွားပြီးသူ ရှမ်းထွန်းအောင် ဆိုသူကို ဆန်းထွန်းအောင်အမည်ဖြင့် ၁၉ ဦးကော်မတီတွင် ပြန်လည်ပါဝင်လာမှု၊ မြို့မိမြို့ဖများကို
မည်သို့ ရွေးချယ် ပါသလဲ၊ မြို့နယ်ရှိ ပါတီဝင်များကို အသိအမှတ်ပြု အကြောင်းကြားခြင်း
ရှိမရှိ တို့ကို ကြွေးကြော် သွားမည် ဖြစ်ကြောင်းသိရသည်။
.
အဆိုပါ ကိစ္စရပ်များနှင့်
ပတ်သက်၍ ပါတီဝင် စုစုပေါင်း ၁၈၀ ဦးမှ လက်မှတ်ရေးထိုးကာ ကန့်ကွက် ကြောင်း စာကို မတ်လ ၆ ရက်က ပထမအကြိမ်အဖြစ် ပေးပို့ခဲ့ပြီး ဒုတိယအကြိမ်ကို
ဇွန်လ ၆ ရက်က ပေးပို့ခဲ့ သော်လည်း ပါတီဗဟိုနှင့် ပြည်နယ်မှယခုအချိန်ထိ လာရောက်မေးမြန်းစစ်ဆေးခြင်းမရှိသည့်အတွက်
ယခုလို တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ရခြင်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment