အမျိုးသားလုံခြုံရေးလူမှုကွန်ရက်(ဗဟို) နှင့် မဟာ၀ီရ ရက္ခိတအသင်းတို့မှ မိတ်ဖက် နိုင်ငံရေးပါတီ၏ ကိုယ်စား လှယ်လောင်း အဖြစ် ရွေးကောက်ပွဲ၀င်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 25, 2020

အမျိုးသားလုံခြုံရေးလူမှုကွန်ရက်(ဗဟို) နှင့် မဟာ၀ီရ ရက္ခိတအသင်းတို့မှ မိတ်ဖက် နိုင်ငံရေးပါတီ၏ ကိုယ်စား လှယ်လောင်း အဖြစ် ရွေးကောက်ပွဲ၀င်မည်

မင်းမင်း
.
အမျိုးသားလုံခြုံရေးလူမှုကွန်ရက် (ဗဟို) နှင့် မဟာဝိရရက္ခိတ အ သင်းတို့မှ မိတ်ဖက် နိုင်ငံရေးပါတီဖြစ် သည့် အမျိုးသားဒီမိုကရေစီ အင်အား စုပါတီတွင် ကိုယ်စားလှယ်လောင်း အဖြစ် အသင်းဝင် ၃၀ ဦး ရွေး ကောက် ပွဲဝင်ရောက် အရွေးချယ်ခံ ယှဉ်ပြိုင် သွားမည်ဖြစ်သည်ဟု သိရသည်။
.

.
“လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ကလည်း အမျိုးသားရေး အပိုင်း လုပ်ဆောင်မှု အားနည်းနေတာ တွေ့ရတယ်။ လွှတ်တော်အသီးသီးမှာ အမျိုးသားရေးသမား ကိုယ်စားလှယ် တွေရှိရင် အမျိုးသားရေးကို ပိုပြီး ထိထိမိမိ လုပ်နိုင်မယ်။ လက်ရှိအမျိုး သားရေးအသင်းဖွဲ့တွေ လုပ်နေတာ ထက်လည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့ ယူဆတဲ့အတွက် မိတ်ဖက်ပါတီ ဖြစ်တဲ့ အမျိုးသား ဒီ မိုကရေစီ အင်အားစု ပါတီရဲ့ ကိုယ် စားလှယ်လောင်းအဖြစ် အမျိုးသားလုံခြုံရေး လူမှုကွန်ရက်(ဗဟို)နဲ့ မဟာ ဝီရရက္ခိတ အသင်းက အယောက် ၃၀ ကို လာမယ့် ရွေးကောက် ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ဖြစ် တာပါ” ဟု အမျိုးသားလုံခြုံရေး လူမှု ကွန်ရက်(ဗဟို)၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းကြည်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အမျိုးသား ဒီမိုကရေစီအင်အား စုပါတီသည် အမျိုးသားလူမှုကွန်ရက် (ဗဟို) နှင့် မိတ်ဖက်ပါတီဖြစ်သည့် အပြင် အမျိုးသားရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ခံယူချက်တူသော ကြောင့် ယင်းပါတီ၏ ကိုယ်စားလှယ် လောင်းအဖြစ် အဆိုပြု၍ လာမည့် အထွေထွေ ရွေးကောက်ပွဲ၌ ဝင် ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
.
ထို့အပြင် အမျိုးသား လုံခြုံရေး လူမှုကွန်ရက်(ဗဟို)နှင့် မဟာဝီရ ရက္ခိတအသင်းတို့မှ အဆိုပြု လျှောက် လွှာ တင်သွင်းထားသည့် ကိုယ်စား လှယ်လောင်း ၃၀ ဦးမှာ အမျိုးသား ဒီ မိုကရေစီအင်အားစုပါတီ၏ ထောက် ခံချက် ရရှိထားပြီး ဖြစ်ကြောင်းနှင့် နိုဝင်ဘာလ ၈ ရက်၌ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် တောင် ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာများ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နေရာများ နှင့် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် နေရာများအ တွက် ဝင်ရောက် အရွေးချယ်ခံ ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About