နမ့်စန်-ခိုလမ်လမ်းတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 24, 2020

နမ့်စန်-ခိုလမ်လမ်းတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်စန်-ခိုလမ်သွား ပြည်ထောင်စုလမ်းမကြီးဘေး တွင် ဇူလိုင် လ ၂၃ ရက်၊ ညပိုင်းက ရပ်နားထားသည့် ကားပေါ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
နမ့်စန်မြို့မှ ခိုလမ်မြို့ဘက်အထွက် ၅ မိုင်ခန့်အကွာ၊ ကုန်းဘုတ်ကျေးရွာလမ်းခွဲအလွန် ပြည်ထောင်စု လမ်းမကြီးဘေးတွင် ဇူလိုင်လ ၂၃ ရက်၊ ည ၉ နာရီခန့်က စက်နှိုးထားသည့် ကားအတွင်း အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံး နေခြင်းဖြစ်သည်ဟု အခင်းဖြစ်ရာသို့ သွားရောက်ခဲ့သူ နမ့်စန်မြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွေးထံက သိရသည်။
.
“သူက ခိုလမ်ဘက်က ပြန်လာတာဖြစ်မယ်။ ကားက နမ့်စန်ဘက်ကို ခေါင်းတည်ထားတာ၊ စက်လဲ နှိုးနေဆဲ ပဲ။ မျက်နှာကနေ ပစ်ခံရတာ နောက်ကို ပေါက်ထွက်သွားတယ်။ ထိုင်းက ပြန်လာတာလို့ သိရတယ်။ မှတ်ပုံ တင်က လဲချား ဆိုပေမယ့် Passport မှာ မိုင်းကိုင်လိပ်စာ ပါနေတယ်။ တောင်တန်းလူငယ်ကားနဲ့ သယ်ဆောင် ပြီးရင်ခွဲရုံပို့ကြတယ်” ဟု ဦးလှထွေးက ပြောသည်။
.
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နမ့်စန်မြို့နယ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကလည်း “ကောင်မလေးက နမ့်စန် ဒေသခံတော့ မဟုတ်ဘူး။ မနက်က ခိုလမ်ဘက်သွားတယ်လို့သိရတယ်။ သေဆုံးချိန်က ၈ နာရီ ၅၀ လို့ သိရတယ်။ သူ့မှာ ၅ ကျပ်သားဆွဲကြိုး၊ ၃ ကျပ်သားဟန်းချိန်း၊ စိန်လက်စွပ် ၁ ကွင်း၊ နားကပ် ၁ စုံနဲ့ ငွေသားတွေ တွေ့ရတယ်။ သူ့အဖေအမည်က ဦးနန္ဒိယတဲ့။ ကားလီဘာကိုနင်းထားပြီး မီးဖွင့်လျက် အသတ်ခံ ထားရတာပါ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အင်ဂျင်အတော်ပူနေတယ်” ဟု ပြောသည်။
.
အဆိုပါ အမှုအား နမ့်စန်မြို့မရဲစခန်းမှ (ပ)၅၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူ အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About