နမ့်စန် မြို့ဝင်/ထွက်ဂိတ်များတွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 13, 2020

နမ့်စန် မြို့ဝင်/ထွက်ဂိတ်များတွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်မည်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ မြို့ဝင်/ ထွက်ဂိတ်များတွင် ကျန်းမာရေးစစ် ဆေးမှုများကို အချိန်ပြည့် ဆောင်ရွက် တော့မည် မဟုတ်ဘဲ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိသာ စုဖွဲ့ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
.

.
နမ့်စန်မြို့နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနတွင် ဇူလိုင်လ ၈ ရက်က ပြုလုပ်ခဲ့သည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသ ရေးကော်မတီ အစည်းအဝေးမှ ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ် ကြောင်း နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးလင်းအောင် ဆွေထံက သိရသည်။
.
“ကော်မတီရော၊ စေတနာ့ဝန် ထမ်းတွေ၊ ကျန်းမာရေး အပါအဝင် ဌာနဆိုင်ရာတွေရော လမ်းဆုံလမ်းခွ မြို့ဖြစ်တဲ့အတွက် အစွမ်းကုန်ဆောင် ရွက်ခဲ့ပါတယ်။ တခြား မြို့တွေက ဖြေလျှော့လာပြီး နမ့်စန် တစ်မြို့ တည်းက မူလအတိုင်းကြပ်မတ်လုပ် ဆောင်နေတဲ့အပေါ်မှာ ခရီးသွားတွေ အမြင်မကောင်းဘူး ဖြစ်လာ နေတာ တွေ၊ ဝန်ထမ်းတွေလည်း ဌာနဆိုင်ရာ ရဲ့ မူလလုပ်ငန်းစဉ်တွေ ပြန်လည် ထမ်းဆောင်ရတာတွေ ဖြစ်လာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အား လုံးနဲ့ ကော်မတီတို့တိုင်ပင်ပြီး နံနက် ၈ နာရီက ညနေ ၄ နာရီအထိပဲ စုဖွဲ့ လုပ်ဆောင်တော့မယ်လို့ သတ်မှတ် ကြခြင်း ဖြစ်ပါတယ်။”ဟု ဦးလင်း အောင်ဆွေက ပြောသည်။
.
ဂိတ်များတွင် တာဝန်ထမ်း ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း များအနေဖြင့် ဇွန်လ ၁ ရက် မှစကာ ကာကွယ်ဆေးထိုး၊တိုက်ခြင်း မူလ တာဝန်များ ထမ်းဆောင်ရန်အတွက် ရုပ်သိမ်း သွားသော်လည်း ပုံမှန်စစ် ဆေးခြင်း လုပ်ငန်းများကို သက်ဆိုင် ရာ COVID-19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီနှင့် Volunteer များ ပူးပေါင်း၍ ဆက် လက် ဆောင်ရွက်သွားရန်နှင့် နယ် စပ်ဝင်ထွက်ပေါက်များ၊ လေဆိပ်များ တွင် မူလအတိုင်းကြပ်မတ် စစ်ဆေး ရန် အထက်ဌာနညွှန်ကြားချက်များ နှင့် အညီသာ လုပ်ဆောင် နေခြင်းဖြစ် သည်ဟု သိရသည်။
.
သို့ဖြစ်၍ ဇူလိုင် ၁၅ ရက်အထိ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ ညွှန်ကြားချက်မှအပ ညပိုင်း စစ်ဆေးခြင်း၊ ညမထွက်ရ အမိန့်အရ ခွင့်ပြုချက်မှ အပ မော် တော်ယာဉ်များ၊ မော်တော်ဆိုင် ကယ် များ၊  အခြား ယာဉ်များ ဖြတ်သန်း မောင်းနှင်သွားလာမှုကို စစ်ဆေးခြင်း ပြုတော့မည် မဟုတ်ကြောင်း သိရ သည်။
.
နမ့်စန်မြို့တွင် မတ်လ ၂၈ ရက် မှစတင်ကာ ကျန်းမာရေး စစ်ဆေး ခြင်းများပြုလုပ်ခဲ့သည့် ထင်းရှူးမြိုင် စစ်ဆေး ရေးဂိတ်၊ အမှတ် (၂) ရပ်ကွက် စစ်ဆေးရေးဂိတ်၊ မိုးနဲအထွက် ပန် လင်းဆိုင်လမ်းခွဲအနီး စစ်ဆေးရေး ဂိတ်များတွင် အထက်အစည်းအဝေး ပါ သဘောတူညီမှုအရ နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိသာ စုဖွဲ့စစ် ဆေးတော့မည် ဖြစ်သည်။
.
နမ့်စန်မြို့သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း တို့ ဆက်သွယ်ရာ  ဆုံချက်မြို့ကြီး တစ်မြို့ဖြစ်ပြီး မြို့ပေါ် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅ စုနှင့် ခိုလမ်မြို့ ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၅ အုပ်စုတွင် လူဦးရေ ၁၂၀၀၀၀ ကျော် ရှိကာ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး-လွိုင်လင်-နမ့်စန်၊ ရှမ်းပြည် နယ်တောင်ပိုင်း တောင်ကြီးနမ့်စန် ပြည်ထောင်စု လမ်းမကြီးအပြင် ရှမ်း ပြည်နယ်အရှေ့ပိုင်း- ကျိုင်းတုံ-တာ ချီလိတ်၊ နမ့်စန်- မိုင်းပန်-မိုင်းတုံ-မိုင်းဆတ် လမ်းများ၊ ဟိုမိန်း-နမ့်စန် လမ်းများစသည်တို့ ဆုံရာ မြို့တစ်မြို့ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About