ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် မြို့နယ်မှ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့သို့ မဟာဓါတ်အားလိုင်း သွယ်တန်းရာတွင်
စီမံကိန်းလုပ်ငန်း အတွင်း ပါဝင်သော လမ်းကြောင်း တစ်လျှောက်ရှိ မြို့နယ်များမှ
နစ်နာ သူ တောင်သူများအား သီးနှံလျော် ကြေးများ ပေးအပ်ထားပြီး ကျန်သူ များကိုလည်း
ပေးအပ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း မန်နေဂျာ ဦးနိုင်ဝင်းထံက
သိရသည်။
.
.
“နမ့်စန်မြို့နယ်နဲ့
ကွန်ဟိန်းမြို့ နယ်အတွင်း အပိုင်းမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက မဟာ ဓါတ်အားလိုင်း
ဖောင်ဒေးရှင်းနဲ့ ချဉ်းကပ်လမ်းတွေ ဆောင်ရွက်ရာမှာ နစ်နာတဲ့ တောင် သူတွေကို
သီးနှံလျော်ကြေး ပေးအပ် ခဲ့ပြီးပါပြီ။ နမ့်စန်မြို့နယ်အတွက် ဓါတ်အားလိုင်းကြိုး
ဆွဲတာနဲ့ တာဝါ တိုင် တပ်ဆင်ခြင်း လုပ်ငန်းအတွက် သီးနှံလျော်ကြေးကို ရှမ်းပြည်နယ်အ
စိုးရက ခွင့်ပြုပေးထားပြီး ဖြစ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို ဆက်လက်
တင်ပြပြီး ခွင့်ပြုချက် တောင်းခံထားပါတယ်”ဟု ကျိုင်းတုံ မြို့တွင် ခေတ္တ
အခြေစိုက်ထားသည့် လျှပ်စစ်ဓါတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ စီမံကိန်း မန် နေဂျာရုံး
(မိတ္ထီလာ) ၏ စီမံကိန်းမန် နေဂျာ ဦးနိုင်ဝင်းထွန်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
ထို့အတူ ကွန်ဟိန်းမြို့နယ်အ တွင်းရှိ နစ်နာခဲ့သော
တောင်သူများ အတွက် သက်ဆိုင်ရာ မြို့နယ်လယ် ယာမြေ စီမံခန့်ခွဲမှုကော်မတီနှင့် ခ
ရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မ တီတို့က စိစစ်ဆဲဖြစ်ပြီး စိစစ်မှု ပြီးစီး ပါက
ရှမ်းပြည်နယ် အစိုးရသို့ ဆက် လက် တင်ပြပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာနကို တင်ပြသွား မည် ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်
ပါဝင်သည့် တာကော်-မိုင်းပျဉ်းလမ်းရှိ မဟာဓါတ်အားလိုင်း စီမံကိန်းတွင် တည်ဆောက်ခဲ့သော
တာဝါဖောင်ဒေးရှင်းများ၊ ချဉ်းကပ် လမ်း လုပ်ငန်းခွင်များ၌ နစ်နာခဲ့သည့်
တောင်သူများ၏ သီးနှံလျော်ကြေးငွေ ပေးအပ်ရန်အတွက် ရှမ်းပြည်နယ် အ စိုးရ အဖွဲ့၏
ခွင့်ပြုချက် ရရှိထားပြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ ဆက်လက်
တင်ပြထားဆဲ ဖြစ်ကာ တာဝါတိုင် တပ်ဆင်ခြင်းနှင့် ကြိုးဆွဲ ခြင်းလုပ်ငန်းတွင်
နစ်နာသည့် တောင် သူများ၏ သီးနှံလျော်ကြေးငွေကို မ ကြာမီ ပေးအပ်ရန် စီစဉ်ဆောင်ရွက်
လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
အလားတူ ကျိုင်းတုံခရိုင် အတွင်း ရှိ တုံတာ-ကျိုင်းတုံ
တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ပါဝင်သည့် တောင် သူများ၏နစ်နာမှုဖြစ်သော တာဝါ တိုင်
ဖောင်ဒေးရှင်းနှင့် ချဉ်းကပ်လမ်း အတွက် သီးနှံလျော်ကြေး ရရှိရန် ကျိုင်းတုံခရိုင်
လယ်ယာမြေ စီမံခန့်ခွဲ မှု ကော်မတီမှ စိစစ် အတည်ပြုကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့
ဆက် လက် တင်ပြရမည်ဖြစ်ပြီး တာဝါတိုင် တပ်ဆင်ခြင်းနှင့် ကြိုးဆွဲခြင်း လုပ် ငန်းမှာ
ပြီးစီးကာစ ဖြစ်သဖြင့် ဆက် လက် ဆောင်ရွက်ရန် စီစဉ်ဆောင် ရွက်နေဆဲ ဖြစ်ကြောင်း
သိရသည်။
.
လျှပ်စစ်ဓါတ်အား ပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာန၊
စီမံကိန်း မန်နေဂျာရုံးသည် မဟာဓါတ်အား လိုင်း တပ်ဆင် သွယ်တန်းခြင်း လုပ် ငန်းခွင်
ဧရိယာ၌ ပါဝင်နေသည့် တောင်သူများ၏ နစ်နာသော သီးနှံ လျော်ကြေးများကို တာဝါဖောင်ဒေး
ရှင်းနှင့် ချဉ်းကပ်လမ်း အပိုင်း၊ တာဝါ တိုင်တပ်ဆင်ခြင်းနှင့် ကြိုးဆွဲချခြင်း
အပိုင်းဟူ၍ သတ်မှတ် ပေးအပ်နေ ခြင်းဖြစ်ပြီး ယင်း စီမံကိန်းကို နိုင်ငံ တော်မှ
ဘဏ္ဍာငွေကျပ် ၆၂ ဒသမ ၃၁ ဘီလီယံ အကုန်အကျခံ သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment