မင်းမင်း
.
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီ လာခံ-၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ်
အစည်းအဝေးကို အကျဉ်းချုံးသာ ပြုလုပ်နိုင်မည့် အခြေအနေတွင် ရှိနေ သည်ဟု နိုင်ငံတော်၏
အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝင်ကြီး ဦး ကျော်တင့်ဆွေက ပြောဆိုခဲ့သည်။
.
.
ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံ-၂၁ ရာစုပင်လုံ ကျင်းပရေး ဗ
ဟိုကော်မတီ အစည်းအဝေးကို ဇွန် လ ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံ တော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနရုံး
အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပရာ အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့
ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး ခရီးစဉ်သည် အရေးကြီးသည့် အတွက် COVID-19 ရောဂါကို
အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် New Normal ခေါ် ပုံစံဖြင့် ၂၁
ရာစုပင် လုံကို ကျင်းပရန် စီစဉ်ရခြင်း ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂတွင် နှစ်စဉ်ပြုလုပ်
သည့် အထွေထွေ ညီလာခံကိုလည်း ယခုနှစ်တွင် General Debate ပုံမှန် တက်ရောက်နေရသည့် နိုင်ငံ့အကြီး
အကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲ များအား Video Confrencing စနစ် ဖြင့် ညီလာခံ ကျင်းပရန်
စီစဉ်ထား ကြောင်း၊ ယင်း အချက်ကို ကြည့်၍ မိမိတို့
အနေဖြင့် ၂၁ ရာစုပင်လုံ ကျင်း ပရာတွင် အကျဉ်းချုံးသာ ပြုလုပ်နိုင် မည့် အခြေအနေတွင်ရှိကြောင်း
ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ကျင်းပရေး ဗဟို ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းပြောဆို ခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် ငြိမ်းချမ်းရေး ခရီးစဉ် သည် လွယ်ကူသည့်ခရီးစဉ် မဟုတ်
ကြောင်း၊ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မတိုင်မီက ငြိမ်းချမ်းရေး ခ ရီးစဉ်၏ ရှေ့ဆက်သွားမည့်နည်းလမ်း များကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေး ပါတီများနှင့်
EAO များ စဉ်ဆက်မပြတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ကြန့်ကြာမှုများ ရှိခဲ့ကြောင်း၊
တစ် နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ
ညှိနှိုင်းအစည်း အဝေးများ ပြုလုပ်ခဲ့ပြီးနောက် တိုး တက်မှုများ ရှိလာသည်ကို တွေ့ရ ကြောင်းနှင့်
COVID-19 ကူးစက်ရော ဂါ မဖြစ်ပွားခဲ့ပါက ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံကို ၃ လခန့်
စော၍ ကျင်းပ ပြုလုပ် နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ဆိုခဲ့သည်။
.
ထို့နောက် အစည်းအဝေး တက် ရောက်လာသူများက ညီလာခံ ကျင်း ပနိုင်ရေး
ကိစ္စရပ်များဖြစ်သည့် ဖိတ် ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်
ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံ ကျွေးမွေးရေး၊ လုံခြုံရေး၊ သတင်းပြန် ကြားရေးနှင့်
မှတ်တမ်းတင်ရေး၊ ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ များအား တင်ပြဆွေးနွေးရာ ပြည် ထောင်စုဝန်ကြီးက
လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
.
ဆက်လက်၍ ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံ ကျင်းပရေး ဗဟို ကော်မတီ
ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင် စုဝန်ကြီး ဦးကျော်တင့်ဆွေက ငြိမ်း ချမ်းရေး ကိစ္စသည် အရေးကြီးသည့်
အတွက် COVID-19 ကာလတွင် ဆောင်ရွက်ရခြင်းဖြစ်ပြီး ခေါင်း ဆောင်များ၊ ကိုယ်စားလှယ်များနှင့်
တက်ရောက်လာကြသူများ၏ ကျန်း မာရေး အတွက် COVID-19 ဆိုင်ရာ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်
များကို အပြည့်အဝ ကျင့်သုံးလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ၂၁ ရာစု ပင်လုံညီ လာခံကို အောင်မြင်စွာ
ကျင်းပနိုင် မည်ဟု ယူဆကြောင်း ပြောဆိုကာ အစည်းဝေးအား ရုပ်သိမ်းခဲ့သည်။
.
အဆိုပါ ၂၁ ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီအစည်းဝေးသို့ ပြည်
ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦး ကျော်တင့်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊
ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဦး သန့်စင်မောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ငြိမ်းချမ်းရေး
ကော်မ ရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေ ပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊
ဒုတိယဝန်ကြီး ဦးခင် မောင်တင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်
ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ အမြဲ တမ်း အတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့်
တာဝန်ရှိသူများတက် ရောက်ခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment