နမ္မတူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ ကူးပြောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 4, 2020

နမ္မတူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ ကူးပြောင်း

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ လွယ်ခွန်ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၄ ရက်က အိမ်ထောင်စု ၂၁ စုမှ ခရစ်ယာန်ဘာသာဝင်နှင့် နတ် ကိုးကွယ်သူ လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ အခမ်းအနားဖြင့် ကူးပြောင်း ဝင်ရောက် ခဲ့ကြောင်း သိရသည်။
.
.
“ရွာက ကားလမ်းမပေါက်ဘူး။ မြို့ကနေ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန် သွားရတယ်။ အရင်က ခရစ် ယာန် ဘာသာနဲ့ နတ် ကိုးကွယ်ကြရာကနေ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြလို့ ဘာသာပြောင်းပေးရတာပါ” ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။
.
ဘာသာကူးပြောင်းပွဲတွင် အိမ်ထောင်စု ၂၁ စုမှ လူဦးရေ ၁၁ဝ ဦးကို ငါးပါးသီလခံယူစေကာ သရဏဂုံတင်ပြီး နောက် တရားဓမ္မများ ဟောကြားခဲ့ကာ မိသားစုများ ကိုးကွယ်ရန်အတွက် ဉာဏ်တော် ၁၁ လက်မ အမြင့်ရှိ ရုပ်ပွားတော် ၂၁ ဆူကို ပင့်ဆောင်စေခဲ့ကြောင်း သိရသည်။
.
ငါတို့ အရင်ကထက် အေးချမ်းလာတယ်၊ စိတ်မှာလည်းကြည်နူးတယ်ဘဝဆိုတာကိုလည်း ပိုသိလာနေ တယ်ဟု လွယ်ခွန်းကျေးရွာ မှ ဦးဂိုလေးက ပြောသည်။
.
အဆိုပါ လွယ်ခွန်းကျေးရွာတွင် အိမ်ထောင်စု ၃၃ စု ရှိရာ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် နတ် ကိုးကွယ်သူများ နေထိုင်နေကြပြီး ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် သာသနာ ဟိတကာ (ဝိဟာရ)ကျောင်းကို တစ်ပါတည်း ကျောင်းအပ်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် တိုက်နယ်အတွင်းရှိ ကျေးရွာများမှ လှူဒါန်းငွေ များဖြင့် ယင်းကျေးရွာသို့ ကားလမ်းဖောက်လုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About