စောဦး (ရတနာမြေ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းရှိ မြို့မဈေးနှင့်
ယာယီပျံကျဈေးတို့တွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ
ဈေးရောင်းချမှုရှိ/မရှိကို ယနေ့ ဇွန်လ ၂၇ ရက်၊ နံနက် ပိုင်းက ဌာနဆိုင်ရာများ ပါဝင်သော
ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ စစ်ဆေးရာတွင် နမ္မတူမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့က နမ္မတူမြို့နယ် မြို့မဈေး နှင့်ယာယီပျံကျဈေးတို့တွင်
ဈေးရောင်းချလျက်ရှိသောဈေးသည်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး
ညွှန်ကြားချက်များနှင့်အညီ ရောင်းချ မှုရှိစေရေး ကြီးကြပ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
ထို့အပြင် ကွင်းဆင်းစစ်ဆေးရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု နှာခေါင်းစည်း (Mask) အခု ၃၀၀ အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment