ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်
တစ်ဦးမှ ၁၉ ဦး ကော်မတီ၏ မူမမှန်မှုများအား ဖော်ထုတ်ရန် ဟုဆိုကာ လာမည့် ဇူလိုင်လ ၆ ရက် တွင်
တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ပင်းတယမြို့နယ်၊
ဆင်ခေါင်းရပ်ကွက်နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးအောင်စိုးထက်မှ
7th July နေ့ကို အောက်မေ့သတိရသောအားဖြင့် ပင်းတယမြို့နယ် NLD ပါတီ ၁၉ ဦးကော်မတီ၏
မူမမှန်မှု များအား ဖော်ထုတ်ရန် အတွက် ဟုဆိုကာ ဇူလိုင်လ ၆ ရက်၊ နံနက် ၈ နာရီမှ နေ့လယ်
၁၂ နာရီအထိ ပင်းတယမြို့၊ ပုန်းတလုတ်ကန်တစ်ပတ် “မူမမှန်သော ၁၉ ဦးကော်မတီအား အလိုမရှိ”
ကြွေးကြော်ကာ တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခွင့်ပြုရန် ပင်းတယမြို့နယ်
ရဲတပ်ဖွဲ့မှူးထံသို့ ဇူလိုင်လ ၁ ရက်က တင်ပြခွင့်ပြုချက် တောင်းခံထားခြင်း ဖြစ်ကြောင်း
သိရသည်။
အဆိုပါ တစ်ကိုယ်တော်
ဆန္ဒဖော်ထုတ်ခွင့် တင်ပြလျှောက်ထားမှုနှင့် ပတ်သက်၍ ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ
မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သဘောထားမှတ်ချက် တင်ပြတောင်းခံထားသည်ဟု သိရ သည်။
.
“တစ်ကိုယ်တော်
ဆန္ဒဖော်ထုတ်ဖို့ တင်ထားတာ ဟုတ်ပါတယ်။ ဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့ ညီတယ် ဆိုရင် ဆောင်ရွက်သွားဖို့
ပြောထားတာ ရှိပါတယ်” ဟု ပင်းတယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က ကမ္ဘောဇတိုင်း
သို့ ပြောသည်။
.
လက်ရှိတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ မြို့နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်း
ရွေးချယ်မှုများ ပြီးစီး သွားပြီ ဖြစ်သော်လည်း ယင်းရွေးချယ်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများနှင့်
ဗဟိုသို့ တင်ပြတိုင်ကြားမှုများ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment