နမ့်ခမ်းတွင် ကျပ်သိန်း ၃၉၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 7, 2020

နမ့်ခမ်းတွင် ကျပ်သိန်း ၃၉၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ဇူလိုင်လ ၆ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်း ၃၉၀ တန်ဖိုးရှိ ဘိန်းဖြူ များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၆ ရက်၊ ညနေ ၃ နာရီခန့်က သက်သေများနှင့်အတူ နမ့်ခမ်းမြို့နယ်၊ မူဆယ်-နမ့်ခမ်း သွားကားလမ်းတွင် မူဆယ် မြို့ဘက်မှ နမ့်ခမ်းမြို့ဘက်သို့ ဗန်းမော်မြို့၊ ကုက္ကိုတောရပ်ကွက်နေ မုန်ဆန် (၃၄ နှစ်) စီးနင်းမောင်းနှင် လာ သည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ရောင်စုံ ဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁ ဒသမ ၉၅ ကီလို၊ ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၃၉၀ သိန်း အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါ ဘိန်းဖြူများအားသယ်ဆောင်ခိုင်းသူ မန်စီမြို့နယ်၊ မန့်ဝိန်းကြီး ကျေးရွာနေ ရှရွယ် (၃၀ နှစ်)အား ယင်းနေ့ ညနေ ၃ နာရီ ၃၅ မိနစ်တွင် နမ့်ခမ်းမြို့၊ မိုခမ်း ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းဖြူများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လက်ဝယ်တွေ့ရှိသူနှင့် သယ်ဆောင်ခိုင်းသူတို့ ၂ ဦးအား နမ့်ခမ်း မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats