အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၀ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရန် လျာထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 25, 2020

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၀ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရန် လျာထား

မင်းမင်း
.
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ လာမည့် ၂၀၂၀ ပြည့် နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၀ နေရာ ဝင်ရောက် ရွေး ချယ်ခံ ယှဉ်ပြိုင်သွားရန် လျာ ထား သည်ဟု ယင်းပါတီ အောင်နိုင်ရေး ဥက္ကဋ္ဌထံက သိရသည်။
.

.
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ရှမ်းပြည်နယ်အတွင်း ၌ တောင်ကြီး၊ ကလော၊ ရပ်စောက်၊ ဖယ်ခုံ၊ ပင်လောင်း၊ ရွာငံ၊ ပင်း တယ၊ ညောင်ရွှေ၊ လွိုင်လင်နှင့် နမ့် စန်မြို့နယ်များရှိ မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ် လောင်းများဝင် ရောက် ယှဉ်ပြိုင်ရန် လျာထား ကြောင်း ပါတီ အောင်နိုင်ရေး ဥက္ကဋ္ဌ ဒေါ်မြင့် သူနီက ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းမှာ ကျွန်မ တို့ပါတီ အနေနဲ့ မဲဆန္ဒနယ် ၁၀ ခုက နေပြီးတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော် ၃ နေရာအတွက် ကိုယ် စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ် ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ်စား လှယ်လောင်းတွေလည်း ရွေးချယ်ပြီး သွားပါပြီ။ ရွေးကောက်ပွဲမှာ အနိုင် ရခဲ့ရင် အမျိုးသား အကျိုးစီးပွား ဦး ထိပ်ထားတဲ့ ပါတီရဲ့မူဝါဒ ဆောင်ပုဒ် အတိုင်း အဓိကထား လုပ်သွား မှာပါ” ဟု ဒေါ်မြင့်သူနီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အမျိုးသား ဒီမိုကရေစီအင်အား စု ပါတီအနေဖြင့် ရှမ်းပြည်နယ်အ တွင်းရှိ ဌာနေတိုင်းရင်းသားလူမျိုး များ၏ အရေးကိစ္စများ ဆောင်ရွက် ပေးလျက်ရှိပြီး ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်နိုင်ရေးအတွက် ရည် ရွယ်၍ လာမည့် နိုဝင်ဘာလ ၈ ရက် တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက် လက် ပြောဆိုခဲ့သည်။
.
အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် အမှတ် (၈၁/၂၀၂၀) ဖြင့် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်အမှတ်စဉ် (၃၈) ဖြင့် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၉ ရက်က နိုင်ငံရေး ပါ တီအဖြစ် မှတ်ပုံတင် ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About