ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဇူလိုင်လ
၂၉ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား
သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များကို ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၉ ရက်၊ နံနက် ၅ နာရီအချိန်ခန့်က
သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်းတွင်
တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် လားရှိုးမြို့ဘက်မှ
နောင်ချိုမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံရပ်နေ
မြင့်လွင်(ခ)ဂျမန်း မောင်းနှင်ပြီး လားရှိုးမြို့၊ ရပ်ကွက်(၉)နေ စည်သူ (ခ) စန်းဝင်းမောင်
(ခ) မိုဟာမက်အာမက် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ
ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့်
စိတ်ကြွရူးသွပ်ဆေးပြား ၅၆၁၃၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၂၂ ဒသမ ၆ သိန်းအား
တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများ၏ပိုင်ရှင်ဖြစ်သူ
လားရှိုးမြို့၊ ရပ်ကွက်(၁၀) နေ စိုးသူ(ခ)ကိုချို (ခ) ဖိုးချို အား ယင်းနေ့နံနက် ၁၀
နာရီအချိန်တွင် ၎င်း၏နေအိမ်၌ လည်းကောင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၈)နေ ဒေါ်လုထွယ်
(ခ) လုလု အား နံနက် ၁၁ နာရီအချိန်တွင် ၎င်း၏နေအိမ်၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
လက်ဝယ်တွေ့ရှိသူနှင့် ကွင်းဆက်များအား နောင်ချိုမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment