နောင်ချိုတွင် ငွေကျပ် သိန်းပေါင်း ၂၃၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

နောင်ချိုတွင် ငွေကျပ် သိန်းပေါင်း ၂၃၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဇူလိုင်လ ၈ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ်သိန်းပေါင်း ၂၃၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရဿည်။
.

.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၈ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်ခန့်က သက်သေများနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက် သွားကားလမ်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ဒုဌဝတီမြစ်ကူးတံတားဘက်မှ နောင်ချိုမြို့ဘက်သို့ လားရှိုးမြို့၊ ရပ်ကွက်(၇)နေ စိုင်းစံမြင့်(ခ)မာန်အောင် မောင်းနှင်ပြီး ကျောက်ပန်းတောင်း မြို့နယ်၊ မြင်သာတောင် ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာနေ အောင်သောင်း စီးနင်း လိုက်ပါလာသည့် DONG FENG အမျိုးအစား မြေသယ် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀ဝဝ၀ဝ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၆၀ဝ၀၊ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့် ထားသည့်ဘိန်းဖြူအလေးချိန် ၂၆ ဒသမ ၁၈ ကီလို၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၈၅၄ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ တွေ့ရှိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ၂ ဦးအား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက် များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats