စိုင်းယောင်းခမ်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်
ဇူလိုင်လ ၂၉ ရက်၊ ညနေပိုင်းက ငွေကျပ် ၁၉ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ မိုင်းယောင်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီခန့်က မိုင်းယောင်းမြို့နယ်၊
ဝမ်တပ်ကျေးရွာရှိ နွဲ့ခမ့် (ခ) အိုက်ခမ့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ
အိုက်ဥ ဆိုသူအား တွေ့ရှိရပြီး အိုက်ဥ လွယ်ထားသည့် အစိမ်းရောင် ချည်လွယ်အိတ် အတွင်းမှ
အဖြူရောင်ကော်ဘူးအတွင်း ထည့်ထားသည့် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ပြားနှင့်
အစိမ်းရောင် တစ်ပြားကိုလည်းကောင်း၊ နွဲ့ခမ့် (ခ) အိုက်ခမ့်၏
အိပ်ယာခေါင်းရင်းကြမ်းပြင်ပေါ်မှ အဖြူရောင် ကော်ဘူးအတွင်း အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ်ငယ်ဖြင့်ထည့်လျက်
WY စာတန်းပါ
လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃ ပြားကိုလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
ဆက်လက်ပြီး ဟွေထမ်ကျေးရွာရှိ အိုက်ဥ နေအိမ်အား
သွားရောက်ရှာဖွေရာ နေအိမ်အောက် ကြက်ခြံပေါ်မှ မြွေအရေခွံ အိတ်အတွင်း
လည်ရှည်သားရေဖိနပ်အတွင်း ထည့်ထားသည့် အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ငယ်ဖြင့် ထည့်လျက်
WY စာတန်းပါ
လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၉ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်
ဆေးပြား ၁၈၀၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နွဲ့ခမ့်
(ခ) အိုက်ခမ့်နှင့် အိုက်ဥတို့ ၂ ဦးအား မိုင်းယောင်း မြို့မရဲစခန်းက
မယ(ပ)၁၅/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
No comments:
Post a Comment