မိုင်းယောင်းတွင် အသွားအလာကန့်သတ်ကာလ ၂၁ ရက် ပြည့်မြောက်သည့် နေရပ်ပြန် ၁၀ ဦးကို နေအိမ်ပြန်ခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 30, 2020

မိုင်းယောင်းတွင် အသွားအလာကန့်သတ်ကာလ ၂၁ ရက် ပြည့်မြောက်သည့် နေရပ်ပြန် ၁၀ ဦးကို နေအိမ်ပြန်ခွင့်ပြု


အားချာ
.
ထိုင်းနိုင်ငံမှ ပြန်လာပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ရှိ မိုးလုံလေလုံအားကစားရုံ Facility Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေသည့် နေရပ်ပြန် ၁၀ ဦးသည် Quarantine ကာလ ၂၁ ရက် ပြည့်မြောက်ပြီဖြစ်၍ ဇူလိုင်လ ၂၉ ရက်၊ ညနေပိုင်းတွင် ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
.

.
အဆိုပါ အသွားအလာကန့်သတ်ကာလ ၂၁ ရက်ပြည့်ပြီးသူများသည် မိုင်းယောင်းမြို့နယ်အတွင်း နေထိုင်သူများ ဖြစ်ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်နှင့် တာဝန်ရှိသူများက Quarantine  နေထိုင်ပြီးကြောင်း ကျန်းမာရေးထောက်ခံချက်ကို ပေးအပ်ခဲ့ပြီး COVID-19 ကြိုတင်ကာကွယ်ရေး ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့် နေ့စဉ်ဘဝ ခပ်ခွာခွာနေထိုင်ကြရမည့် အကြောင်းတို့ကို ရှင်းပြကာ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ အပ်နှံပေးခဲ့ကြကြောင်း သိရသည်။
.
ယင်း နေအိမ်ပြန်ခွင့်ရသည့်သူများ၏ အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ်တို့ကို အမျိုးသားဓာတ်ခွဲဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓါတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
.
နေအိမ်ပြန်ခွင့်ရသူများသည် သတ်မှတ် Quarantine ကာလ ၂၁ ရက်နေထိုင်ပြီးသော်လည်း ၎င်းတို့၏ နေအိမ် အသီးသီး၌ နောက်ထပ် Home Quarantine ၇ ရက် နေထိုင်ကြရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About