စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်ခရိုင်၊
မိုင်းယောင်းမြို့နယ်တွင် ဒေသရိုးရာ သရေစာမုန့် တစ်မျိုးဖြစ် သော
ခေါက်ဆွဲနွဲ့မုန့်ကို စားသုံးသူ များပြားလာသဖြင့် ရောင်းအား ကောင်းလျက်ရှိကြောင်း
သိရသည်။
.
.
“ဒီနှစ်အတွင်းမှာ ခေါက်ဆွဲနွဲ့ မုန့်ဝယ်ယူစားသုံးသူ ပိုများလာပါတယ်။ အရင်နှစ်တွေက
လူငယ်ပိုင်း လောက်ပဲ လာရောက်စားသုံးရာကနေ ဒီနှစ်မှာ ကလေးရော လူကြီးပါ စားသုံးသူ
ပိုများလာတော့ ပိုရောင်း ရပါတယ်” ဟု မိုင်းယောင်းမြို့နေ ခေါက်ဆွဲနွဲ့မုန့်
ပြုလုပ်ရောင်းချသူ တစ်ဦးက ပြောသည်။
ခေါက်ဆွဲနွဲ့မုန့်များကို ၃ ချပ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့်
ရောင်းချခြင်း ဖြစ်ပြီး မိုင်းယာင်းမြို့တွင်း၌ အိမ်အ ရောက်
ပို့ဆောင်ရောင်းချပေးနေ ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ ခေါက်ဆွဲနွဲ့ (ခေါက်ဆွဲ အွမ်) သရေစာမုန့်ကို
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊
ကျိုင်းတုံနှင့် မိုင်းယုဒေ သများတွင် အများဆုံး ပြုလုပ်ရောင်း ချလေ့ရှိပြီး ကလေးရော လူကြီး ပါ အထူးကြိုက်နှစ်သက်စွာ
ဝယ်ယူစား သုံးကြကြောင်း သိရသည်။
.
No comments:
Post a Comment