မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းကျေးရွာအုပ်စု၊
၆ မိုင်ကျေးရွာတွင် ဇူလိုင်လ ၁၃ ရက်က အမျိုးသမီးတစ်ဦးအား နေအိမ်အတွင်း မူးယစ်ဆေးဝါးများနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တာဝန် ရှိသူများပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၃ ရက်နေ ၅ နာရီ အချိန်က သက်သေများနှင့်အတူ မိုင်းတုံမြို့နယ်၊
လွယ်ခမ်းလုံကျေးရွာအုပ်စု၊ ၆ မိုင် ကျေးရွာနေ မနာဘိုခါး၏ နေအိမ်အား
မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင် တွေ့ရှိရပြီး
ဆက်လက် ရှာဖွေရာ WY စာတမ်းပါ
လိမ္မောင်ရောင် စိတ်ကြွဆေးပြား ၂၁၉ ပြား၊ အလေးချိန် ၂၁ ဒသမ ၉ ဂရမ်ခန့်၊ ဒေသတန်ဖိုးငွေကျပ်
၃၂၈၅၀၀ ခန့် အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မူးယစ်ဆေးရောင်းတဲ့သူတွေအပြင် ဘိန်းစားတွေက
ခိုးပြီးရောင်းတာတွေမှာ ပစ္စည်းလက်ခံဝယ်တဲ့သူတွေ ပါ အမှုတွဲ အရေးယူသွားမယ်” ဟု
မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က ပြောသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ မနာဘိုခါးအား
မိုင်းတုံ မြို့မရဲစခန်းမှ မယ(ပ) ၁၂/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment