မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်း တုံမြို့တွင် တပ်ပိုင်မြေအတွင်း ကျူး ကျော် ဝင်ရောက်နေထိုင်သူများကို ၃ လ အတွင်း
ပြောင်းရွှေ့ဖယ်ရှားပေး ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် နေထိုင်သူများ
အား အကြောင်းကြားစာ ပေးပို့လာ ကြောင်း ဒေသခံများထံက သိရသည်။
.
.
“လွန်ခဲ့တဲ့
နှစ် ၄၀ လောက် က တည်းက နေလာတာ။ တပ်ဆိုတာ ဘာမှန်း မသိခင်ကတည်းကပါ။ မြေ နေရာ တောင်းတော့လည်းချမပေးခဲ့
ဘူး။ နောက်ပိုင်း တပ် လာတည်တော့ လည်း ဒီမြေက တပ်ဧရိယာထဲမှာ မ ပါဘူး။ အစည်းအဝေးမှာ တပ်မြေ
ပေါ် နေထိုင်ကြောင်း လက်မှတ် ထိုးခိုင်း တော့ ကြောက်လို့ ထိုးပေးလိုက်ရ တယ်။ သူတို့
ဧရိယာ ဘုတ်တိုင် တောင် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကမှ ပြောင်းစိုက်တာ။ နေထိုင်သူတွေအား
လုံး ၃ လအတွင်း ပြောင်းရမယ် ဆို တော့ ဘယ်သူမှ စိတ်မချမ်းသာကြ ဘူး။ မတတ်နိုင်ကြလို့
မျက်ရည်နဲ့ မျက်ခွက်ပဲ။ တရားဥပဒေအရ အရေး ယူမယ်ဆိုလည်း ရင်ဆိုင်သွားမယ်” ဟု မိုင်းတုံမြို့နယ်၊
ဖာချယ်ကျေးရွာ နေ ဦးမျိုးမင်းထိုက်က ပြောသည်။
တပ်မတော်မှ
အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ အကြောင်းကြား စာ ပေးပို့ရာတွင် တပ်ပိုင်မြေများနှင့်
ဆက်စပ်လျက်ရှိသည့် မိုင်းတုံမြို့၊ ဝမ် မိုင်ရပ်ကွက်နှင့် ဖာချယ်ရပ်ကွက်များ ရှိ တပ်ပိုင်မြေများတွင် ကျူးကျော်နေ ထိုင် သူ အိမ်ထောင်စု ၆၂ စု ရှိကာ ၎င်း
တို့ အနေဖြင့် တပ်ပိုင်မြေပေါ်တွင် နေ ထိုင်လျက်ရှိသည်ကို သိရှိကြောင်း ဝန်ခံကတိလက်မှတ်
ရေးထိုးထားပြီး ဖြစ်ကြောင်း၊ ယခုအခါ တပ်ပိုင်မြေ ပေါ်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း
များ ဆောင်ရွက်ခြင်း၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းများ ပြုလုပ်မည်ဖြစ်သ ဖြင့် ကျူးကျော်နေထိုင်သူ
အိမ်ထောင် စု ၆၂ စုအား ၃ လအတွင်းရွှေ့ပြောင်း ပေးရေးနှင့် ရွှေ့ပြောင်းပေးခြင်း မရှိပါ
က တည်ဆဲဥပဒေများနှင့် အညီ တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
.
“တပ် မရောက်ခင်
ကတည်းက ဒီမှာလူတွေနေကြတယ်။ တပ်တည် တော့လည်း
တိုင်းတာစဉ်မှာ ဒီမြေတွေ မပါဘူး။ နောက်ပိုင်းကျမှ ဆွဲထည့် တာပါ။ ကျွန်တော်တို့က
ဒီရွာသား၊ ဒီမှာလည်းသူကြီးလုပ်လာတာ”ဟု ဖာချယ်ကျေးရွာနေ ရပ်မိရပ်ဖ ဦးစိုင်း အောင်ဖေနှင့်
ဦးစိုင်းမူးလိန်တို့က ပြောသည်။
.
ရှမ်းပြည်နယ်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီမှ ၂၀၁၈
ခုနှစ်၊ စက်တင်ဘာလ ၉ ရက် က ယခုမြေနေရာများ စိစစ်တွေ့ရှိ ချက် အစီရင်ခံစာတွင် ယင်း ဖာချယ်
ကျေးရွာရှိ မြေဧရိယာ ၅၁၇ ဒသမ ၉၃ ဧက တွင် တပ်ရင်းမြေအဖြစ် ပြည် ထဲရေးဝန်ကြီးဌာနမှ ၂၀၁ဝ
ခုနှစ်၊ ဇွန်လ ၁၂ ရက်စွဲပါ စာဖြင့် အခမဲ့ လွှဲ ပြောင်းပေးခဲ့ကြောင်း၊ မြေအမျိုး အ စားမှာ
မြေလွတ်မြေရိုင်း ဖြစ်ကြောင်း၊ တပ်မြေ၏ အနောက်ဘက်ပိုင်း၊ မိုင်း တုံမှ ပုံပါကျင်သွား
ကားလမ်း ၂ လမ်း အကြားရှိ တပ်ရင်းမှ အသုံးမပြုသည့် မြေများတွင် ကျုးကျော် နေအိမ် ၁၆
လုံး ဆောက်လုပ်အသုံးပြု နေကြ ကြောင်း၊ ယင်း နေထိုင်သူများမှာ တပ်ပိုင်မြေ အဖြစ် အခမဲ့
ရရှိပြီးမှ ဝင် ရောက်ကျူးကျော် နေထိုင်ခြင်းဖြစ် ကြောင်း၊ ထိုနေအိမ် ၁၆ လုံးတွင် အိမ်ထောင်စု
၁၇ စု နေထိုင် လျက်ရှိ ကြောင်းနှင့် တစ်အိမ်တွင် NLD ရုံး ဖွင့်လှစ် ထားရှိကြောင်း
ဖော်ပြထား သည်ဟု သိရသည်။
.
“လက်လုပ်လက်စားတွေဖြစ်လို့
တခြားမှာ မြေနေရာချထားပေးတာ၊ လျော်ကြေး ပေးတာလည်းမရှိပါဘူး။ တရားဥပဒေအရ ပိုင်ဆိုင်မှုအတွက်
ရင်ဆိုင်ရဖို့ ရှိပါမယ်” ဟု ဖာချယ်ကျေး ရွာတွင် ပါတီရုံး ဖွင့်လှစ်ထားသူ အ မျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မိုင်းတုံမြို့နယ်
ပြန်ကြားရေးမှူး ဦး ကြည်စိုးက ပြောသည်။
.
ယင်း မြေနေရာနှင့်
ပတ်သက်၍ နေထိုင်သူများမှ နေအိမ်၊ မြေနေရာ များ ပြန်လည်ရရှိရေး တင်ပြခဲ့မှုအပေါ် ယခင်
ပြည်ထောင်စုလွှတ်တော် စုံ စမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၁)တွင် မူလအမှတ်စဉ်
(၃၁) ဖြင့် စိစစ် ဆောင်ရွက်ရာတွင် ပြည်ထဲ ရေးမှ အခမဲ့ လွှဲပြောင်း ပေးခဲ့သည့် တပ်မြေမှာ
တပ်လုံခြုံရေးအရ လိုအပ် သည့် မြေနေရာ ဖြစ်သဖြင့် ပြန်လည် စွန့်လွှတ်ပေးနိုင်မှု မရှိဟု
တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ ၂၀၁၄ ခုနှစ် မတ် လ ၃ ရက်တွင် သဘောထား ပြန် ကြားထားကြောင်း
သိရှိရပါသည်။
.
အဆိုပါ ကျူးကျော်နေထိုင်သူဟု
ဆိုသည့် အိမ်ထောင်စု ၆၂ စုအနက် အိမ်ထောင်စု ၁၇ စုမှာ မြေဧက ၅ ဧက ခန့်တွင် နေထိုင်သူများဖြစ်ပြီး
ကျန် အိမ်ထောင်စု ၄၅ စုမှာ တပ်ရင်း ရှေ့တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment