မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဟောင်လီကျေးရွာတွင် ဇူလိုင်လ ၂ ရက်၊ ညနေပိုင်း က
မြေထိုး စက်အဟောင်းမှ ဟိုက်ဒရောလစ် ဖြုတ်ခိုးသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
“တခြားပစ္စည်းတွေလည်း
ဒီလိုပဲ ခိုးရောင်းတာ ပေါ်တယ်။ တစ်ခုမှ ၅၀၀၀ ကနေ ၁၀၀၀၀ လောက်ရတာ။ မူးယစ် ဆေးစွဲသမားဆိုတော့
ဆေးဖိုးအတွက် ခိုးတာပေါ့” ဟု မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က ပြောသည်။
မိုင်းတုံမြို့နယ်၊
ဟောင်လီကျေးရွာနေ ဒေါ်နန်းဆိုင်သည် ဇူလိုင်လ ၂ ရက်၊ ညနေ ၃ နာရီခန့်က မင်္ဂလာ ဆောင်တစ်ခုမှ
ပြန်လာစဉ် ၎င်းပိုင်ခြံဝင်းအတွင်းရှိ ကားဂိုထောင်အတွင်း ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ်
လူတစ်ယောက်အား တွေ့ရှိသဖြင့် ဝင်ရောက်ကြည့်ရှုရာ မိုင်းတုံမြို့၊ နောင်ပါရင် ရပ်ကွက်နေ
သားငယ် (ခ) ဝင်းမင်းထွန်း (၃၃ နှစ်) ဆိုသူအား ဂွင်းဂွကိရိယာများနှင့်အတူ လက်တွန်းလှည်းပေါ်တွင်
တင်ထားသည့် မြေထိုးစက် အဟောင်းမှ ငွေကျပ် ၁၀ သိန်းခန့် တန်ဖိုးရှိ ဟိုက်ဒရောလစ် အဝါရောင်တစ်ခုအား
ဖြုတ်ခိုး ထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ခိုးရာပါပစ္စည်းများနှင့်အတူ
လက်ဝယ်တွေ့ရှိသူ သားငယ် (ခ) ဝင်းမင်းထွန်းအား မိုင်းတုံမြို့မရဲစခန်းမှ (ပ)၁၉/၂၀၂၀၊
ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ပြီးခဲ့သည့်
ဇွန်လ ၂၅ ရက်ကလည်း မိုင်းတုံမြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနပိုင် အမှိုက် သိမ်းယာဉ်
မှ ဘက်ထရီများအား ဖြုတ်ခိုးမှု ဖြစ်ပွားခဲ့ဖူးပြီး ခိုးယူသူ ၂ ဦးကို ယင်းနေ့တွင်ပင်
ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment