မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင် ဇူလိုင်လ ၂၄ ရက်၊
နံနက်ပိုင်းက ဓါတ်တိုင်များ၌ အသုံးပြုသည့် သံ လက်တန်း ၃ ခု အား ခိုးယူသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
“ဆေးသမားတွေက ခိုးဖို့ပဲ။ ဘာပဲရရ ဆေးဖိုးအတွက် သွားရောင်းတာ။
သူခိုးလက်ခံတွေပါ အရေးယူသွားဖို့ ရှိမယ်” ဟု မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မိုင်းတုံမြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး
ဦးအောင်သူလှိုင်သည် ဇူလိုင်လ ၂၄ ရက်၊ နံနက် ၁၁ နာရီခန့်က ၎င်း၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်
ယင်းရုံးမှ လျှပ်စစ် ကျွမ်းကျင် (၅) ဝန်ထမ်း ဦးရောဘတ်က ၎င်းတို့ ရုံးဝင်းအတွင်း လူမနေသည့်
ဝန်ထမ်းအိမ်ရာအောက် မြေ ပေါ်တွင် ထားရှိထားသည့် ဓါတ်တိုင်များတွင် အသုံးပြုသော သံလက်တန်း
၃ ချောင်းကို မြို့မဈေး လမ်းကြား တွင် အမည်မသိ လူတစ်ဦးမှ ထမ်းသွားကြောင်း သတင်းပေးပို့လာသဖြင့်
ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် တိုင်တန်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ
ယင်းအမျိုးသားမှ သံတန်းများကို ပစ်ချကာ ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။
.
အဆိုပါ ထွက်ပြေးသွားသူအား မိုင်းတုံမြို့၊ နမ့်တုံချောင်းဘေးတွင်
တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ မြို့မ ရပ်ကွက်နေ အိုက်ပီး ဆိုသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ
မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနပိုင် သံချောင်းများအား ခိုးယူသည့်အမှုဖြင့်
မိုင်းတုံမြို့မရဲစခန်းမှ (ပ) ၂၀/၂၀၂၀၊ ပပက၆(၁) အရ အမှုဖွင့်
စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
.
No comments:
Post a Comment