မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် ဇူလိုင်လ
၂၂ ရက်၊ နံနက်ပိုင်းက ငွေကျပ်သိန်းပေါင်း ၃၂၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးမှုန့်များနှင့်
လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
.
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂၂ ရက်၊ နံနက် ၉ နာရီခွဲခန့်က
မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ် (၁) ကျေးရွာအနီးရှိ
မြေကြီးအတွင်းသိုဝှက်ထားသော ပလတ်စတစ်ပေပါများအတွင်းမှ ဆာလာ အိတ်များ ဖြင့် ထည့်ထားသည့်
စိတ်ကြွရူးသွပ်ဆေးမှုန့် အလေးချိန် ၃၂၇ ကီလို၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ်သိန်း
၃၂၇၀၀ နှင့် ပုလင်းများဖြင့်ထည့်ထားသည့် အနံ့ဆေးရည် ၈ ဒသမ ၄ လီတာ၊ ဒေသ ကာလပေါက်စျေးတန်ဖိုးငွေ
၂၅၂၀၀ ကျပ်၊ M-22
ဒင်ခေါက်သေနတ် ၄ လက်၊ M-16 သေနတ် ၁
လက်၊ AK-47 သေနတ် ၁
လက်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့
လွှဲပြောင်းအပ်ပေး ခဲ့ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ကာ တရားခံ ဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment