ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့နယ်တွင် ဇူလိုင်လ ၁ ရက်က ငွေကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အား ဆက်လက်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁ ရက်၊ ညနေ ၄ နာရီခွဲခန့်က သတင်းအရ
သက်သေများနှင့်အတူ မူဆယ်မြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ မူဆယ်-လားရှိုး သွားပြည်ထောင်စုကားလမ်းတွင်
ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ကွတ်ခိုင်မြို့နယ်၊ တက္ကနိုင်းကျေးရွာနေ ဂွန်ဆန်အောင်
(၂၅ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၂၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်
၁၈၀၀ သိန်း၊ ဘိန်းဆီခဲအလေးချိန် ၁ ဒသမ ၀၅ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၂
ဒသမ ၅ သိန်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး
ဂွန်ဆန်အောင်၏ ထွက်ဆိုချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား လက်ခံရယူမည့် မူဆယ် မြို့၊ မြောက်ရပ်ကွက်နေ
ဒေါ်ရန်ရွှင် (၅၁ နှစ်)အား ယင်းနေ့ ညနေ ၅ နာရီခွဲခန့်တွင် ၎င်း၏နေအိမ်၌ ထပ်မံ ဖမ်းဆီးရမိ
ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မူဆယ် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment