မူဆယ်တွင် ဆိုင်ကယ်စီးလာသူတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 3, 2020

မူဆယ်တွင် ဆိုင်ကယ်စီးလာသူတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဇူလိုင်လ ၂ ရက်၊ ညပိုင်းက ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား တစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
“စခန်းက ဖုန်းဆက်လာလို့ ကူညီဖို့ သွားကြည့်တာ ၄/၅ ချက်လောက် ပစ်ခံထားရတာ တွေ့ရတယ်။ အသေး စိတ်အချက်အလက်တော့ မသိပါဘူး” ဟု မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက ကမ္ဘောဇ တိုင်း သို့ ပြောသည်။
.
သေဆုံးသူ အမျိုးသားသည် ဇူလိုင်လ ၂ ရက်၊ ည ၈ နာရီခန့်က တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်လာစဉ် မူဆယ်မြို့၊ စက်မှုရပ်ကွက်နှင့် ဟိုနားလမ်းဆုံ ဘုန်းကြီးကျောင်းအနီး အရောက်တွင် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာသော လူ ၂ ဦးအနက် အနောက်မှ လိုက်ပါလာသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျရဲအရာရှိမှ တာဝန် မှူး မရောက်သေးကြောင်းသာ ပြန်လည်ဖြေကြားခဲ့သဖြင့် အသေးစိတ်အချက်အလက်များကို မသိရှိရ သေးချေ။
.
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကလည်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ နမ့်ခမ်းမြို့မ (ဌာနေ) ပြည်သူ့စစ် အဆောက်အဦအား လက်နက်ကိုင်အချို့မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About