မိုင်းဆတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 13, 2020

မိုင်းဆတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု၊ ပလောင်ပူတွန်း ကျေးရွာ အနီးတွင် ဇူလိုင် ၁၀ ရက်၊ ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.

.
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က နယ်မြေ လုံခြုံရေးဆောင်ရွက်နေစဉ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပလောင်ပူတွန်းကျေးရွာအနီး လျှိုအတွင်း၌ မြေကြီးအတွင်း တွင်းတူး သိုဝှက်သိမ်းဆည်းထားသော ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ရေစိုပျက်စီး နေသော စိတ်ကြွရူးသွပ်ဆေးပြား အလေးချိန် ၄ ကီလို၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၄၀၀ သိန်း၊ ကော်ပုံးများဖြင့်ထည့်ထားသည့် ကဖင်း အလေးချိန် ၁၅၉ ဒသမ ၆ ကီလို၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၅၉ ဒသမ ၆ သိန်းနှင့် ကော်ပုံးများဖြင့် ထည့်ထားသည့် ဆာလဖြူရစ်အက်ဆစ် ၂၅၅၄ ဒသမ ၃ လီတာ၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၅၅ ဒသမ ၄၃ သိန်း တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်း အပ်ပေး သဖြင့် မိုင်းတွမ်းနယ်မြေရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီး ရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats