မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပလောင်ပူတွန်း ကျေးရွာ အနောက်ဘက်တွင် ဇူလိုင်လ ၇ ရက်၊ ညပိုင်းက ငွေကျပ်သိန်းပေါင်း ၈၁၇၂ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.

.
တပ်မတော် နယ်မြေရှင်းလင်းရေးစစ်ကြောင်းသည် ဇူလိုင်လ ၇ ရက်၊ ညနေပိုင်းက မိုင်းတွမ်း တောင်ပေါ်ကျေးရွာ အုပ်စု၊ ပလောင်ပူတွန်းကျေးရွာ အနောက်ဘက်လျှိုအတွင်း မီးရှို့ထားသော လူနေတဲအိမ် ပျက် အနီးပတ်ဝန်းကျင်အား အသေးစိတ်ရှာဖွေခဲ့ရာ အကြည်ရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၄၀၃၂၀ ပြား၊ အကြည်ရောင် ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် A တံဆိပ်ပါ အစိမ်းရောင်စိတ်ကြွရူးသွပ် ဆေးပြား၂၄၁၀၀၀ ပြား၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးမှုန့် ၅ ကီလို၊ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးမှုန့် ၇ ဒသမ ၅ ကီလို၊ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(ရေစိုပျက်စီး) ၂၀ ဂရမ်၊ ကဖင်းဟုယူဆရသည့် အဖြူရောင်အမှုန့် ၂၅ ကီလိုခန့်စီပါ ပီနံအိတ် ၁၀၀ အိတ်၊ မျောက်တံဆိပ်ပါ ဆေးရည် ၁၄ လုံး၊ တံဆိပ်မပါ ဆေးရည်ဖန်ပုလင်း ၁၇ လုံး၊ အပြာရောင်ပလပ်စတစ်ပုံးဖြင့်ထည့်လျက် အနံ့ ဆေးရည် ၁၂  လီတာ၊ အနီရောင်ဆိုးဆေးမှုန့် ၁၄ ဘူး၊ ဂတ်စ်အိုးဟောင်း ၁၃ လုံး၊ WY စာတမ်းပါ ဆေးပြား ရိုက်သံမှို ၅၂ ချောင်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။
.
အလားတူ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းက ၎င်းလျှိုအတွင်းမှ ပီနံအိတ်ဖြင့်ထည့်လျက် ကဖင်းဟု ယူဆရသော အဖြူရောင်အမှုန့် ၂၅ ကီလိုစီပါ ၈ အိတ်၊ GX-200 Hond aအနီရောင်လက်ဆွဲမီးစက် တစ်လုံး GX-160 Honda အနီရောင် လက်ဆွဲမီးစက် ၈ လုံးနှင့် ဂတ်စ်အိုးဟောင်း ၂ လုံး တို့ကိုပိုင်ရှင်မဲ့ထပ်မံသိမ်း ဆည်းရမိသည်ဟု သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၉)သို့ လွှဲပြောင်းပေးအပ်ခဲ့သဖြင့် မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မယ(ပ)၃၇/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၆(ခ)/၁၉(က) နှင့် မယ(ပ)၃၈/၂၀၂၀၊ မူး/ စိတ်ပုဒ်မ-၁၆(ခ)တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး တရားခံဖမ်းစီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About