မိုင်းဆတ်ခရိုင် ထွေအုပ်ရုံးအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများအား လျော်ကြေး ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 26, 2020

မိုင်းဆတ်ခရိုင် ထွေအုပ်ရုံးအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများအား လျော်ကြေး ပေးအပ်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအတွက် သိမ်းဆည်း ထားသည့် လယ်ယာများများ အား ဇူလိုင်လ ၂၄ ရက်က ဒေသ ပေါက်ဈေးနှုန်း တစ်ဧက ကျပ်သိန်း ၄၀ ဖြင့် မြေယာလျော်ကြေး ပေးအပ် ခဲ့ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ မြေယာလျော်ကြေး ပြန်လည် ပေးအပ်နိုင်ရေးအတွက် မိုင်းဆတ်ခရိုင် လယ်ယာမြေနှင့် အ ခြား မြေ များ သိမ်းဆည်းခံရခြင်းများ ပြန်လည် စိစစ်ရေးကော်မတီ ညှိ နှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်၊ နံနက်ပိုင်းက မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ သည်ဟု သိရသည်။
.
အစည်းအဝေးတွင် မိုင်းဆတ်ခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရခြင်းများ ပြန်လည် စိစစ် ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ် ချုပ်ရေးမှူး ဦးနေမျိုးအောင်က သိမ်းဆည်းခံ လယ်ယာမြေများအား ဒေသ ပေါက်ဈေးနှုန်း တစ်ဧကလျှင် ကျပ် သိန်း ၄၀ နှုန်းဖြင့် ပေးအပ်သွားမည် ဖြစ်ပြီး ယခု ခရိုင် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံးအတွက် သိမ်းဆည်းထားသည့် မြေအတွက် ပေး လျော် သွားမည်ဖြစ်ကြောင်း ပြောဆို ခဲ့သည်။
.
“လယ်သမားတွေက ပေါက်ဈေး နဲ့ လျော်ကြေးရကြတော့ ကျေနပ်ပါတယ်။ ဒါက ခရိုင်ရုံးအတွက် ဖြစ်တော့ ကျန်ဌာနဆိုင်ရာတွေက သူ့လမ်းကြောင်းအတိုင်း လုပ်ဆောင်သွားဖို့ ရှိမယ်လို့ သိရပါတယ်”ဟု မိုင်းဆတ် မြို့၊ မယ်ဆွမ် မြောက်ရပ်ကွက်  အုပ်ချုပ်ရေးမှူး ဦးစန္ဒာက ပြော သည်။
.
မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများအား လျော် ကြေးပေးရန် အစိုးရမှ ငွေ ကျပ် ၆၆ သိန်း ခွင့်ပြုပေးထားပြီး ကျန် ဌာနဆိုင်ရာများ အနေဖြင့် ဌာနမြေ အကျယ်အဝန်း အလိုက် လာမည့် ဘဏ္ဍာရေးနှစ်တွင် ပိုင်ရှင်များအား လျော်ကြေးပေး အပ်နိုင်ရေး သက် ဆိုင်ရာ အထက်ဌာနများသို့ ရန်ပုံငွေ တင်ပြဆောင်ရွက်သွားရန် ခရိုင်အုပ် ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။
.
မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက် ရပ်ကွက်၊ ဝမ်ကပ်ကွင်းတွင် ဌာနဆိုင် ရာရုံး ၁၃ ခု အတွက် တောင်သူ ၉ ဦး ၏ လယ်မြေ ၁၆ ဒသမ ၉၁ ဧကကို ၁၉၉၆ ခုနှစ်တွင် သိမ်းဆည်းခဲ့ ပြီး နောက် ယခု ၂၀၂၀ ပြည့်နှစ်တွင် ခ ရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာ နရုံး မြေနေရာအတွက် သိမ်းဆည်း ထားသည့် မြေ ၁ ဒသမ ၆၇၄ ဧက အတွက် ပိုင်ဆိုင်သူ တောင်သူ ၂ ဦး ကို မြေယာလျော်ကြေးငွေ ၆၆ သိန်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About