မိုင်းဆတ်မြို့ရှိ မယ်ဆွမ်ချောင်းအား ပြန်လည် တူးဖော်မည် - Kanbawza Tai News

Breaking

Thursday, July 9, 2020

မိုင်းဆတ်မြို့ရှိ မယ်ဆွမ်ချောင်းအား ပြန်လည် တူးဖော်မည်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ရေကြီးရေလျှံမှု မဖြစ် ပေါ်စေရေးအတွက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ သဘာဝဘေး အန္တ ရာယ် ကာကွယ်ရေး ရန်ပုံငွေဖြင့် ပြန်လည်တူးဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
.

.
အဆိုပါ မယ်ဆွမ်ချောင်းရေကြီး မှုကြောင့် မယ်ဆွမ်တောင်နှင့် မယ် ဆွမ် မြောက်ရပ်ကွက်နေ ပြည်သူ များ နှစ်စဉ် ရေကြီးရေလျှံမှုဘေးကို ကြုံတွေ့ခဲ့ရပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲ ဖြစ်ပေါ်ခဲ့ သည့်အတွက် ချောင်းအား ပြန်လည် တူးဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
“ရန်ပုံငွေ ကျပ်သိန်း ၂၀၀ နဲ့ တင်ဒါရ ကုမ္ပဏီက ကောနေတဲ့ချောင်းကို ပြန်လည်တူးဖော်မှာ ဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
မယ်ဆွမ်ချောင်း ရေကြီးရေလျှံ မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ် ကိုင်ရန် ခက်ခဲနေမှုများကို မိုင်းဆတ် ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကွင်း ဆင်းစစ်ဆေးပြီးနောက် ဒေသခံပြည်  သူများမှ ထောက်ပံ့သည့် စက်သုံး ဆီ ဖြင့် သုံးယင်းဟွှားကုမ္ပဏီမှ စက်ယန္တ ရားများဖြင့် တူးဖော်ပေးမှုကြောင့် ရေလမ်းကြောင်း ပွင့်သွားခဲ့သော် လည်း ချောင်းတစ်လျှောက် သဲနုန်း များ ပြန်လည်တူးဖော်ခြင်း၊ ချောင်းချဲ့ ထွင်ခြင်းနှင့် ရေကြီးရေလျှံမှု မဖြစ် ပေါ်စေရေး လုပ်ငန်းများကို ပြန်လည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats