မဟာမုနိဓမ္မဟိန်းလိုဏ်ဂူဘုရား ကုန်းလမ်းကို ကွန်ကရစ် ခင်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မဟာမုနိဓမ္မဟိန်းလိုဏ်ဂူဘုရား ကုန်းလမ်းကို ကွန်ကရစ် ခင်းမည်

စိုင်းအောင်ဇော်လင်း
.
မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏ သံဝရ သာသနာပြု လုပ်ငန်း ဆောင် ရွက်နေသော ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မုန်းကျက် ကျေးရွာ အနီးရှိ မဟာမုနိ ဓမ္မဟိန်း လိုဏ်ဂူဘုရား ကုန်းလမ်းကို သွားလာ ရေး လွယ်ကူအဆင်ပြေစေရန် ကွန် ကရစ်လမ်းအဖြစ် ခင်းကျင်းသွားမည် ဖြစ်ကြောင်း သိရသည်။
.

.
မိုင်းဖုန်းဆရာတော်သည် မဟာ မုနိ ဓမ္မဟိန်းလိုဏ်ဂူအတွင်း ၃ နှစ်၊ ၃ လ၊ ၃ ရက် ဂူအဓိဌာန် တရားကျင့်ကြံ သီတင်းသုံးတော် မူနေခြင်းဖြစ်ပြီး ဂူအဓိဌာန်ပြီးဆုံးချိန်တွင် ပြည်တွင်းပြည်ပမှ ဓမ္မပြည်သူများမှ ဆရာတော် ထံ သွားရောက်ဖူးမြော်ကြည်ညိုကြ မည်ဖြစ်ရာ သွားလာရေး လွယ်ကူစေ ရန် ဓမ္မပြည်သူများမှ စုပေါင်း ဒါနဖြင့် မတ်စောက်သော နေရာများတွင် ကွန် ကရစ်လမ်း ခင်းမည်ဖြစ်ကြောင်း သိ ရသည်။
.
အဆိုပါ လမ်းသည် မြေသား လမ်းဖြစ်၍ မိုးရာသီ၌ သွားလာရာ တွင် ခက်ခဲခြင်းကြောင့် ယခုကဲ့သို့ လမ်း ခင်းရန် စီစဉ်ခြင်း ဖြစ်သည်။
.
ထိုသို့ ကွန်ကရစ်လမ်း ခင်းရာ တွင် အရှည် ၁၂၀၀ ပေရှိ မတ်စောက် သော နေရာများအား ခင်းမည်ဖြစ်သ ဖြင့် မည်သူမဆို ပါဝင် ကုသိုလ်ပြုနိုင် ရေးအတွက် ကွန်ကရစ်လမ်း အ ကျယ် ၁၆ ပေ၊ အရှည် တစ်ပေလျှင် ၃၅၀၀၀ ကျပ်နှုန်းဖြင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
.

Journal Download

Photo of three cats