စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက
ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် မူဝါဒသာပြောင်းလဲပြီး ဝန်ထမ်းများ၏ ခံယူချက်၊
အမြင်များကို ပြောင်းလဲလို စိတ် မရှိပါက ပြုပြင်ပြောင်းလဲရေးမှာ မဖြစ်နိုင်ကြောင်း
ပြောဆိုခဲ့ သည်။
.
.
၎င်းအနေဖြင့်
ပြီးခဲ့သည့် ရက် သတ္တပတ်အတွင်းက တောင်ကြီးမြို့ ပေါ်ရှိ ဌာနဆိုင်ရာရုံးတစ်ခုသို့လုပ်ငန်း
ဆောင်ရွက်ရန်အတွက် သွားရောက် ခဲ့ရာတွင် ရုံးဝန်ထမ်းများမှ စာရိုက် ခြင်း၊ စာထုတ်ခြင်း၊
လက်မှတ်ရေး ထိုးခြင်း လုပ်ငန်းစဉ်များကို အချိန် မီ ပြီးစီးအောင် မဆောင်ရွက်ပေးဘဲ အချိန်ဆွဲခြင်း၊
ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဆောင်ရွက်နေခြင်း၊ စာ ရွက်စာတမ်းများ ထိန်းသိမ်းရာတွင်
စည်းကမ်းစနစ်ကျနမှု မရှိခြင်း တို့ကို ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
“ဝန်ထမ်း ဖြစ်လာပြီဆိုရင်
ပြည် သူတွေကို ဝန်ဆောင်မှု ပေးရမယ်။ ဝန်ထမ်းလုပ်နေပြီး ချမ်းသာချင်တဲ့ စိတ် ရှိနေရင်
ဒါနေရာမှားနေပြီလို့ပဲ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြီးပွားချမ်းသာချင်ရင် စီးပွားရေး
လုပ်ရ မယ် ပြည်သူကို ဝန်ဆောင်မှု ပေးချင်ရင် ဝန်ထမ်းလုပ် ရှင်းရှင်းလေး ပါပဲ။ တချို့ကျတော့
ကိုယ်ရထားတဲ့ ဝန်ထမ်းနေရာ၊ ရာထူးနေရာကို အ သုံးချပြီး ကြီးပွားချမ်းသာချင်တဲ့စိတ် ရှိတယ်။
ဒါကတော့ လမ်းကြောင်း လွဲနေတာပါ။ ပြုပြင်ပြောင်း လဲရေး၊ သန့်ရှင်းတဲ့ အစိုးရကိုသွားရေးဆိုတဲ့
နေရာမှာ ဝန်ထမ်းတွေကအစ ကိုယ့် ကိုယ်ကို ပြုပြင်ပြောင်းလဲဖို့ လိုပါ တယ်”ဟု ရှမ်းပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုင်ငံတော်
အနေဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် မူဝါဒ ပြောင်းလဲရေး ကိုသာ ဆောင်ရွက်သွားမည်ဖြစ် ပြီး လုပ်ငန်းစဉ် တစ်ဆင်းချင်းကိုဝန် ထမ်းအဖွဲ့အစည်းအကြီးအကဲမှသည်
အဆင့်ဆင့် စီမံကြီးကြပ်ဆောင်ရွက် ပေးနိုင်မှသာ ပြုပြင်ပြောင်းလဲမှု ပိုမို တိုးတက်
မြန်ဆန်မည် ဖြစ်သည်ဟု ၎င်းက အကြံပြု ပြောဆိုခဲ့သည်။
.
လက်ရှိ အစိုးရအနေဖြင့်
နိုင်ငံ့ တာဝန်ကို စတင်ထမ်းဆောင်သည့် အချိန်မှ စတင်၍ ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်နေသော်လည်း
အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက် များကို လိုက်နာ ဆောင်ရွက်နေရ သည့် ဝန်ထမ်းအဖွဲ့
အစည်းပိုင်းအချို့ တွင် ပြုပြင်ပြောင်းလဲမှု မရှိသေးသည့် အတွက် ထင်သလောက် ခရီး မပေါက်
နိုင်ကြောင်း လေ့လာသူ အချို့က လည်း ဝေဖန်ပြောဆိုလျက်ရှိသည်။
.
No comments:
Post a Comment