ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံဆေးသုတေသနကဏ္ဍ တိုးတက်မြှင့်တင်ရေး အစည်းအဝေးကို
ဇူလိုင်လ ၁၇ ရက်၊ နေ့လယ်ပိုင်း က ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် ပြုလုပ်ရာ အစည်းအဝေးတွင်
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၂၀-၂၀၂၁
ဘဏ္ဍာရေးနှစ်တွင် ဆေးသုတေသန ရန်ပုံငွေအတွက် ငွေကျပ် သန်း ၃၀၀၀ လျာထားပါကြောင်း ပြောဆိုခဲ့သည်။
.
.
ပြည်ထောင်စုဝန်ကြီးက ဆေးသုတေသနလုပ်ငန်းများသည်
ဝန်ကြီးဌာနနှင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက်သာမက
နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးကြီး ပါကြောင်း၊ သုတေသန စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို
ယခုထက်ပိုမိုပြုလုပ်စေလိုပြီး ဝန်ကြီးဌာန ၏ တက္ကသိုလ်များတွင်
သုတေသနဆိုင်ရာအကြောင်းအရာများ ပိုမိုထည့်သွင်းသင်ကြားနိုင်မှသာလျှင် နိုင်ငံ အတွက်
များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနသည် သုတေသနပြုလုပ်ဆောင်ရွက်သည့်
အလေ့ အကျင့်ကောင်းနှင့် သုတေသန ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေရေးအတွက် ၂၀၁၆ ခုနှစ်၊
ဧပြီလမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ သုတေသန ပြုလုပ်ရန် ရန်ပုံငွေကျပ်သန်းပေါင်း ၆၀၀၀
ခွင့်ပြုချထား ပေးခဲ့ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌လည်း သုတေသနရန်ပုံငွေ သန်း ၃၀၀၀ လျာထားပါကြောင်း၊
ယင်း သုတေ သန ရန်ပုံငွေများကို အသုံးပြုကာ ဝန်ကြီးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှု
စနစ် ပိုမိုတိုးတက် ကောင်းမွန် စေရေး အသုံးချသုတေသနများကို ယခုထက်ပိုမို ဆောင်ရွက်ကြစေ
လိုပါကြောင်း၊ အထူးသဖြင့် သမားရိုး ကျမှ ဖောက်ထွက်သော ဆန်းသစ်သည့်
အတွေးအမြင်များဖြင့် ဝန်ကြီးဌာန၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့်
သုတေသနအကြောင်းအရာ အသစ်များကို ပြုလုပ်စေလိုပါကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ဆေးသုတေသနဦးစီးဌာနအနေဖြင့်
ဝန်ကြီးဌာန၊ နိုင်ငံနှင့် ပြည်သူ များအတွက် ရေရှည်အကျိုးကို မျှော်ကိုးကာ
တစ်ဦးနှင့် တစ်ဦး၊ ဌာနတစ်ခုနှင့် တစ်ခု ရိုင်းပင်းကူညီပံ့ပိုးမှု များဖြင့်
မြန်မာနိုင်ငံ ဆေးသုတေသနကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေး
ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း ပြောဆိုခဲ့သည်။
.
ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဆေးသုတေ သန ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို တင်ပြခဲ့ပြီး
ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများက ဆေး သုတေသန ကဏ္ဍပိုမိုတိုးတက်မြင့်မားရေး
အထွေထွေဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
.
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊
ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊
ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး နှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment