စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ် အတွင်းရှိ အိမ်ထောင်စု ၈၈၉ စုအား Mobile Payment ဖြင့် ငွေကြေး ထောက်ပံ့မှုကို
စတင် စမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.
.
ယင်းကဲ့သို့
Mobile Payment ဖြင့် ငွေသားထောက်ပံ့မှု အစီအစဉ်ကို နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ် တို့တွင်
အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် စတင်စမ်းသပ် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း
သိရသည်။
“ပြည်ပပြန်တွေ၊
အကြောင်း အ မျိုးမျိုးကြောင့် အခြေခံစားသောက် ကုန် ၅ မျိုး မရတဲ့ သူတွေကို စာရင်းပြန်
လည်ကောက်ခံပြီးမှ အိမ်ထောင်စု ၈၈၉ စုကို တစ်စု ၁၅၀၀၀ နှုန်းနဲ့ ထောက်ပံ့ သွားမှာဖြစ်ပါတယ်”ဟု
ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦး ခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ ထောက်ပံ့မည့်
အိမ် ထောင်စု ၈၈၉ စုတွင် ဖုန်းရှိသော အိမ်ထောင်စု ၃၇၂ စုနှင့် ဖုန်းမရှိသော အိမ်ထောင်စု
၅၁၇ စု ပါဝင်ပြီး ဖုန်းမရှိ သော အိမ်ထောင်စုများကို ငွေသား ပေးချေသည့် စနစ်ဖြင့် ပေးအပ်သွား
မည်ဖြစ်ကြောင်း သိရသည်။
.
ကလောမြို့နယ်အတွင်း
ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစား အိမ် ထောင်စုပေါင်း ၅၇၀၃ စုကို ငွေသား ကျပ်
၂ သောင်းစီ ထောက်ပံ့ပေးသွား မည်ဖြစ်ရာ ယင်းတို့အနက် ၈၈၉ စု အား Mobile Payment စနစ်ဖြင့်
ပေး အပ်ရန် စာရင်းပြုစုကာ သက်ဆိုင်ရာ ဌာနများသို့ တင်ပြထားပြီး ဖြစ် ကြောင်း သိရသည်။
.
ကလောမြို့နယ်တွင်
မြို့ ၃ မြို့၊ ရပ်ကွက်၊ ၂၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၆ စုနှင့် ကျေးရွာပေါင်း ၂၅၃ ရွာရှိပြီး
အိမ်ထောင်စု စုစုပေါင်း ၃၇၁၈၀ စု ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အချက်အလက်များ
အရ သိရသည်။
.
No comments:
Post a Comment