မဲနယ်တောင်တွင် အကြီးဆုံး တောင်ဇလပ်ပင် တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 2, 2020

မဲနယ်တောင်တွင် အကြီးဆုံး တောင်ဇလပ်ပင် တွေ့ရှိ

စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင် ရှမ်းပြည် နယ်အတွင်း အကြီးဆုံးဟု ယူဆရသော တောင်ဇလပ်နီပင် တစ်ပင်ကို တွေ့ရှိခဲ့ကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။
.
ဓါတ်ပုံ - ရှမ်းပြည်နယ်သစ်တောဦးစီးဌာန
.
အဆိုပါ တောင်ဇလပ်ပင်မှာ ရင် စို့လုံးပတ် ခေါ် မြေပြင်အထက် ၄ ပေ ခွဲအမြင့်တွင် တိုင်းတာ ရရှိသည့် လုံး ပတ် အတိုင်းအတာ ၉ ပေအတိရှိ ကြောင်း သိရသည်။
.
“အကြီးဆုံးလို့ ယူဆရပါတယ်။ ဒီထက်ကြီးတာ တွေ့လာရင်လည်း သူ့ အဆင့် လျော့သွားမှာပေါ့။လောလော ဆယ်သစ်တော ဝန်ထမ်းတွေ တွေ့ဖူး သမျှထဲမှာတော့ အကြီးဆုံးပါပဲ။ သာ မန်အားဖြင့်တော့ ကချင်တို့၊ ချင်းတို့မှာလည်း ဒီလောက်ကြီးတဲ့ တောင်ဇ လပ်ပင် မတွေ့ဖူးဘူး။ ရှိရင်လည်း ရှိ မှာပေါ့။ တစ်ယောက် ယောက်ကတွေ့ ရှိလို့ ဖော်ထုတ်မယ်ဆိုရင် မှတ်တမ်း ယူ လို့ရတာပေါ့”ဟု ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးခင်မောင်ဝင်းက ပြောသည်။
.
ယခု တွေ့ရှိထားသော တောင်ဇလပ်ပင်ထက် ပိုမိုကြီးမားသော အပင် ကို တွေ့ရှိပါက သက်ဆိုင်ရာ သစ်တော ဦးစီးဌာနများသို့ ဆက်သွယ် သတင်းပေးပို့ရန် မေတ္တာရပ်ခံထား  သည်ဟု သိရသည်။
.
လက်ရှိတွင် ယင်းတောင်ဇလပ် နီပင်အား ဒေသခံ ဒုံကောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများ က ထိန်းသိမ်းနိုင်ရေးအတွက် သတိ ပေး ဆိုင်းဘုတ်များ တပ်ဆင်ထားရှိ ပေးထားကြောင်း သိရသည်။
.
တောင်ဇလပ်ပင်များသည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြင့်မားသော တောင် တန်းများ အပေါ်တွင် ပေါက် ရောက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ရွာငံ မြို့နယ်အတွင်းရှိ အရှေ့မြင်အနောက် မြင်တောင်နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ် တောင် ဒေသတို့တွင် ပေါက်ရောက် ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About