စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အား
ကစားကွင်း ဆောက်လုပ်မည့် မြေနေရာ နှင့် ပတ်သက်၍ ဒေသခံ ၈၀ ကျော်က ဇူလိုင်လ ၁၉
ရက်တွင် လက်မှတ်ရေးထိုး ကန့်ကွက်စာ တင် ပြထား သည်ဟု သိရသည်။
.
.
“အဓိက
ကန့်ကွက်တာကတော့ မြို့အစွန်အဖျားမှာ ရောက်သွားလို့ ပါ။ လူငယ်တွေက အဲဒီကွင်းကို
မလိုချင် ကြဘူး။ အရင် လျာထားတဲ့ကဆီ လမ်းဆုံနဲ့ မိုင်ဟုန်း လမ်းကြားထဲက
ကွင်းပြင်တစ်ခုရှိတယ်။ အများပိုင် မြေနေရာကို လိုချင်တာပေါ့။ မြို့စွန် ဖြစ်တာရယ်၊
သင်္ချိုင်းကုန်းနဲ့ ကပ် လျက်နေရာ ဖြစ်နေလို့ပါ” ဟု ကန့် ကွက်စာ လက်မှတ်ရေးထိုး
တင်ပြ ခဲ့သူတစ်ဦးဖြစ်သူ စိုင်းနောင်ဆိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
မောက်မယ်မြို့နယ် အားကစားကွင်းကို ဆီဆုံရပ်ကွက်၊
မိုင်ဟုန်းရပ်ကွက်နှင့် မွေတော်ရပ်ကွက်ကြားအလယ် နေရာဖြစ်သောကွင်းပြင်သည်
လူငယ်များအတွက်အသင့်လျော်ဆုံးဖြစ်ပြီး လက်ရှိလျာထားသည့် အားကစား ကွင်း
မြေနေရာမှာ မြေလွတ်မြေရိုင်းဖြစ်သောကြောင့် ဒေသခံလူငယ် ၈၀ ကျော်မှ လက်မှတ်
ရေးထိုး၍ ကန့်ကွက် တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော ဆိုခဲ့သည်။
.
ယင်းကဲ့သို့ ကန့်ကွက်မှုနှင့် ပတ်သက်၍ မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟန်သူရက “မြို့နယ်အဆင့် အနေနဲ့ ဘောလုံးကွင်း မရှိဘူး။ အုပ်ချုပ်ရေးမှူး အဆက်ဆက်
မြေနေရာတွေ ရှာခဲ့တယ်။ လင်းခေးဘက် အထွက် ၂
မိုင် ကျော်လောက်မှာ မြေလွတ်မြေရိုင်း ရှာခဲ့တယ်။ အဲဒီနေရာက ဝေးလည်း ဝေးတယ်။
ကွင်းကြီးကို ပြန်ဖော်ရင်လည်း ကုန်ကျစရိတ် ကြီးမယ်ဆိုပြီး မရွေးခဲ့တာပါ။
အခုနှစ်မှာ မြေနေရာရှာတဲ့အခါ ဆီဆုံရပ်ကွက်နဲ့ အနီးဆုံးမှာ ခြံစည်းရိုး
ပဲခြားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ စည်ပင်ကော်မတီတွေရော သွားရောက်
ကွင်းဆင်း ပြီးတော့ ကွင်းအတွက် သတ်မှတ်အလျား၊ အနံကိုက်ညီမှု ရှိ/မရှိ၊ ပွဲကြည့်စင်၊
နောက်ပိုင်း မိုး လုံ လေလုံတွေပါ ရအောင်ဆိုပြီး ၅ ဒသမ ၅ ဧကကို ရှာခဲ့တာပါ”ဟု ပြော
ဆိုခဲ့သည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ လာရောက် စဉ်က မြေနေရာတင်ပြ
ခဲ့ပြီးနောက် ဥပဒေနှင့်အညီ ဆောင် ရွက်နိုင်ရန် အားကစားနှင့် ကာယပညာဦးစီးဌာနသို့
လျှောက်ထားခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကြောင်းပြန်ကြားစာ ကျလာသည့်အတွက်
ဥပဒေနှင့်အညီ ကန့်ကွက်လွှာ ခေါ်ယူခဲ့ပြီး ဇူလိုင်လ ၁၉ ရက် တွင် ဒေသခံ ၈၀
ကျော်မှလက်မှတ် ရေးထိုးကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မောက်မယ်မြို့နယ်သည် ရပ် ကွက် ၇ ခု နှင့် ၊ ကျေးရွာအုပ်စု ၇
စု ရှိပြီး အရှေ့ဘက်တွင် လင်းခေးမြို့ နယ်၊ တောင်ဘက်တွင် ကယားပြည် နယ်၊
ရှားတောမြို့နယ်၊ အနောက် ဘက်တွင် ဆီဆိုင်မြို့နယ်၊ မြောက် ဘက်တွင်
နမ့်စန်မြို့နယ်တို့နှင့် နယ် နိမိတ်ချင်း ထိစပ်လျက်ရှိကာ စီးပွား ရေး
ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment