ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ် မြို့ဝင်ဘီးခွန်ဂိတ်တွင်
ကြိုးတားကောက်ခံမှုနှင့် ပတ်သက်၍ ဝေဖန် မှုများ ရှိနေပြီး ဇူလိုင်လ ၁၇ ရက်မှ စတင်၍ ယင်းကဲ့သို့
ကြိုးတားကောက်ခံခွင့် မပြုတော့ကြောင်း မိုင်းခတ် မြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ
ဦးဝင်းနိုင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့သည်။
.
.
ယင်းဘီးခွန်ကောက်ခံရေးဂိတ်တွင် ကြိုးဖြင့်တား၍ ငွေကောက်ခံသောကြောင့်
အရှိန်ဖြင့်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များ သွားလာရာတွင် အခက်အခဲဖြစ်ရပြီး
ဆိုင်ကယ်တစ်စီး လမ်းဘေးသို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
“ဆိုင်ကယ်က အရှိန်နဲ့မောင်းလာပြီး ရုတ်တရက် လမ်းကိုဖြတ်တားလိုက်တဲ့ကြိုးကြောင့်
လမ်းဘေးကိုလဲကျ သွားတာပါ။ ဘီးခွန်ငွေ ၂၀၀ ကျပ်နဲ့ ထိခိုက်ဒဏ်ရာဖြစ်သွားရင် မကောင်းပါဘူး”
ဟု မိုင်းခတ်ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ မိုင်းခတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးက “ကျွန်တော်တို့ ဇူလိုင်လ ၁၇ ရက်မှာပဲ ဒီလိုပုံစံနဲ့
လမ်းမှာကြိုးတားပြီး ဘီးခွန်မကောက်ဖို့ တားမြစ်လိုက်ပါ တယ်” ဟု ပြောဆိုခဲ့သည်။
.
မိုင်းခတ်မြို့သည် ကျိုင်းတုံ-မိုင်းယန်း လမ်းပေါ်တွင် တည်ရှိပြီး
“ဝ” အထူးဒေသ (၂) နှင့် မိုင်းလား အထူးဒေသ (၄) တို့ ကိုလည်း ဆက်သွယ်သွားလာနိုင်သဖြင့်
နေ့စဉ် ယာဉ်မျိုးစုံ ဖြတ်သန်းသွားလာမှု များပြားကြောင်း သိရသည်။
.
No comments:
Post a Comment