ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို ငွေကြေး ထောက်ပံ့သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 3, 2020

ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို ငွေကြေး ထောက်ပံ့သွားမည်

စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက် ၂ နှစ် အောက် ကလေးငယ်များအား MCCT အစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့ ပေး သွားမည်ဖြစ်ပြီး ထောက်ပံ့မည့် စာရင်းကို ဇူလိုင်လ ၁ ရက်မှ စတင်၍ ကောက်ယူလျက်ရှိသည်ဟု သိရသည်။
.
.
အဆိုပါ MCCT အစီအစဉ် အရ ရှမ်းပြည်နယ် တစ်ဝှမ်းရှိ ကိုယ်ဝန် ဆောင်နှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးသူ ငယ်များကို တစ်ပြိုင်တည်း ထောက် ပံ့ ပေးအပ်သွားမည်ဖြစ်ပြီး အကျိုးခံ စားခွင့်ရှိသူပေါင်း ၁၄၀၀၀၀ ခန့် ရှိနိုင် ကြောင်း သိရသည်။
.
“လူ့ဘဝအစ ကနဦး ရက်တစ် ထောင်ကာလဖြစ်တဲ့ ကိုယ်ဝန်ဆောင် ကာလရယ်၊ အသက် ၂ နှစ်အထိ ကာ လရယ် လူ့ဘဝ တစ်ခုလုံးအတွက် အာဟာရ ဓာတ်ပြည့်ဝစွာ အလိုအပ် ဆုံး အချိန်ဖြစ်တယ်။ ဒီအချိန်တွေမှာ အာဟာရဓာတ် ပြည့်ဝစွာ ရရှိမယ်၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံး မယ်ဆိုရင် သူတို့ရဲ့ ကလေး သူငယ် တွေ ဉာဏ်ရည်မြင့်မားတဲ့ ကလေးသူ ငယ်တွေ ဖြစ်မှာဖြစ်ပါတယ်။ အဲဒီ ကာလဟာ အရေးကြီးကာလ ဖြစ်တဲ့ အတွက် ထောက်ပံ့ပေးရခြင်း ဖြစ်ပါ တယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အိအိဖြိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ထောက်ပံ့ရာတွင် ကိုယ် ဝန်ဆောင်နှင့် ၎င်းတို့မှ မွေးဖွားလာ သည့် အသက် ၂ နှစ်အောက် ကလေး သူငယ်များအား တစ်ဦးလျှင်ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် အကျိုးခံစားခွင့် အ ပေါ် မူတည်၍ ထောက်ပံ့ ပေးသွားမည် ဖြစ်ကာ အသိပညာပေးမှု အပိုင်း လည်း ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။
.
ယခု အချိန်သည် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသ ရေးကာလ ဖြစ်သည့်အတွက် လူစု လူဝေး မဖြစ်ပေါ်စေရန် ဇူလိုင်လ တွင် စာရင်းကောက်ယူ၍ ဧပြီလမှ စက်တင်ဘာလ အထိ ၆ လစာ ကာ လအတွက် ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး COVID -19 ကာလ နောက် ပိုင်းတွင် ၃ လ တစ်ကြိမ် ထောက်ပံ့ ပေးမည် ဖြစ်ကာ လစဉ်တိုးလာသည့် ကိုယ်ဝန်ဆောင် အရေအတွက်ကို လည်း စာရင်းကောက်ယူ၍ ထောက် ပံ့ပေး သွားမည် ဖြစ်ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About