တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဩဂုတ်လ ၉ ရက်တွင် ကြေညာမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဩဂုတ်လ ၉ ရက်တွင် ကြေညာမည်


ုလှိုင်
.
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို လာမည့် ဩဂုတ်လ ၉ ရက်တွင် ထုတ်ပြ န်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။
.

.
“ပညာရေးဝန်ကြီးဌာနက အထက်တန်းအဆင့် အောင်စာရင်းတွေကို သြဂုတ်လ ၉ ရက် ကြေညာမယ်လို့ ပြောတယ်။ အဓိကက လူစုလူဝေး မဖြစ်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ပေါင်းစပ် ပေးရမယ်လို့ ပြောတယ်။ ပညာရေး ဝန်ကြီးဌာနက သူတို့ရဲ့ website ကနေ ကြေညာပေးမှာပါ။ ရုပ်မြင်သံကြားကနေလည်း ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ကျောင်းကတော့ ကပ်ရမှာပါ။ လာကြည့်တဲ့အခါမှာ လူစုလူဝေးမဖြစ်အောင် ပေါင်းစပ်မှုတွေနဲ့ လုပ်ပေးရမှာပေါ့ ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို ဇွန်လ ၅ ရက်မှ ၁၆ ရက်ထိ တောင်ကြီးတက္ကသိုလ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ကယားပြည်နယ်မှ ဆရာ/ဆရာမအင်အား ၂၁၂၂ ဦးဖြင့် စစ်ဆေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင်၍ မတ်လ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ရှမ်းတောင်တွင် ၄၀၂၃၇ ဦး၊ ရှမ်းမြောက်တွင် ၁၉၂၂၈ ဦး ရှမ်းရှေ့တွင် ၅၄၅၇ ဦး၊ စုစုပေါင်း ၆၄၉၁၂ ဦး စာရင်းပေးသွင်း ဖြေဆိုခဲ့သည်ဟု သိရသည်။
.

Journal Download

Photo of three cats