ဟိုပုံးတွင် Mask တပ်ဆင်ခြင်း အလေ့အထ ယဉ်ကျေးမှု ဖြစ်ထွန်းစေရန် စစ်ဆေးမှုများ ပြုလုပ်နေ - Kanbawza Tai News

Breaking

Thursday, July 2, 2020

ဟိုပုံးတွင် Mask တပ်ဆင်ခြင်း အလေ့အထ ယဉ်ကျေးမှု ဖြစ်ထွန်းစေရန် စစ်ဆေးမှုများ ပြုလုပ်နေ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နယ်အတွင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း အလေ့အထ ယဉ်ကျေးမှု ဖြစ်ထွန်းစေရန်အတွက် Mask တပ် ဆင်ခြင်း ရှိ/မရှိ တစ်ရက်ခြားစီ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ သိရသည်။
.
.
ထိုသို့ စစ်ဆေးရာတွင် ဟိုပုံးမြို့ရှိ လမ်းဆုံလမ်းခွ နေရာများ၊ မိန်းလမ်း မကြီးများ၊ မွေတော်ဘုရားကြီးရှေ့နှင့် ဟိုပုံးမြို့မဈေးအနီး စသည့် လူစည် ကားရာ နေရာများတွင် တစ်ရက်ခြား စီ စစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ် ကြောင်း သိရသည်။
.
“Mask တပ်ဆင်တဲ့ ယဉ်ကျေးမှု ဖြစ်အောင် လုပ်တာပါ။ NGO တွေ၊ ဌာနဆိုင်ရာတွေ၊ ကြက်ခြေနီတွေ၊ မီး သတ် တပ်ဖွဲ့ဝင်တွေ ပရဟိတအဖွဲ့ တွေ အကုန်လုံး စုပေါင်းပြီး လုပ်တာ ပေါ့။ အဓိကကတော့ အသိပညာ ပေး တဲ့ သဘောပါပဲ။ ဒဏ်ရိုက်တာတော့ မဟုတ်ပါဘူး။ Mask တစ်ခုကို ၂၀၀ နဲ့ သွားဝယ် ခိုင်းပါတယ်။ နောင်လည်း အပြင်ထွက်ရင် အဲဒီလို တပ်ဖို့ပါ”ဟု ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်း တင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ဟိုပုံးမြို့ရှိ လူစည်ကားရာ လမ်းဆုံလမ်းခွ များတွင် “အပြင် ထွက်တဲ့အခါတိုင်း ပါးစပ်နှင့်နှာခေါင်း စည်း (Mask) တပ်ပါ”၊ “သင့်ကြောင့် သင့်မိသားစုနှင့် မည်သူမျှ ဒုက္ခ မ ရောက်ပါစေနှင့်” အစရှိသည့် အသိ ပညာပေး ဗီနိုင်းပိုစတာများချိတ်ဆွဲ ကာ အသိပညာပေးမှုများ  ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။
.
“အဓိကက COVID-19 က မပြီး သေးဘူး။ ဘာပဲပြောပြာ ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဌာနရဲ့ ညွှန် ကြား ချက်တွေကို သေသေချာချာ လိုက်နာကြပြီး Mask ယဉ်ကျေးမှုကို ထွန်းကားစေချင်တာပေါ့။ အပြင် ထွက်ရင် Mask တပ်ဖို့ပါ။ သူများဆီက မကူးသလို ကိုယ့်ဆီကလည်း သူများ ကို မကူးနိုင်ဘူး။ ဒါလေးတွေကို အ ကုန်လုံးက ကိုယ့်အသိစိတ်ဓာတ်နဲ့ လိုက်နာဖို့ လိုတယ်။ ကိုယ့် အသိတ ရားနဲ့ ကိုယ်တိုင် ပူးပေါင်းပါဝင်ဖို့ လို တယ်”ဟု ဦးနန်းတင့်က ဆက်လက် ပြောဆိုခဲ့သည်။
.
ယခုအခါ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည် နယ်အတွင်းရှိ မြို့ရွာများတွင် ပုံမှန် အ တိုင်း ပြန်လည် စည်ကားလာနေပြီး ကျန်းမာရေးအသိသတိ အားနည်းမှု များ ရှိလာနေကာ စည်းကမ်းလိုက်နာ သူ နည်းပါးလာနေကြကြောင်း ဒေသ ခံများထံက သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats