ကမ္ဘောဇတိုင်း
.
၇၃ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဗိုလ်ချုပ် အောင်ဆန်း ပန်းခြံအတွင်းရှိ
ဗိုလ်ချုပ်ကြေးရုပ်တွင် ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊
ရဟန်း ရှင်လူ ပြည်သူလူထုများ၊ ကျောင်းသား/သူများ၊ နိုင်ငံရေးပါတီများ၊
အသင်းအဖွဲ့များက လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ သည် တောင်ကြီးမြို့၊ အတုလ မာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား
မြို့လယ်ဓမ္မာရုံတွင် ကျဆုံးလေ ပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူး၍ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်
လှူဖွယ် ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချတရားတော် နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
အလားတူ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် နံနက်
၁၀ နာရီ ၃၇ မိနစ် တိတိတွင် တောင်ကြီး မြို့ပေါ်၌ ဥဩဆွဲခြင်း၊ ကားဟွန်းရှည်တီးခြင်းများဖြင့်
အလေးပြုခဲ့ကြကြောင်း သိရသည်။
.
ယခုနှစ် အာဇာနည်နေ့ အခမ်းအနားကို COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် အကျဉ်းချုံးသာ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
No comments:
Post a Comment