စုလှိုင်
.
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများ၌ ကျောင်း
သား/သူများအား နေ့လယ်စာ အာဟာရ ကျွေးမွေးနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း
ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
.
.
“တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ နေ့လယ်စာ အာဟာရ ကျွေးမွေးဖို့ အ စီစဉ် ဆွဲနေတာ ရှိပါတယ်။ကျောင်း
သား/သူ ဆင်းရဲနွမ်းပါးမှ မဟုတ်ပါ ဘူး။ အကုန်လုံးကို အာဟာရ ပြည့် ဝအောင်ဆိုပြီး
စီမံချက် ရေးဆွဲပြီး ဆောင်ရွက်တာပါ။ လုပ်မယ်ဆိုရင် တစ်နိုင်ငံလုံး လုပ်မှာပါ။
လက်ရှိ အာ ဟာရ ကျွေးမယ့် အဖွဲ့တွေကလည်း လာကျွေးမယ် ဆိုရင် လက်ခံပြီး ဆောင်ရွက်လျက်
ရှိပါတယ်” ဟု ရှမ်း ပြည်နယ် ပညာရေးမှူး ဦးဝင်းမောင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ အထက်တန်း အဆင့်
များကို ဇူလိုင် ၁၃ ရက်တွင် ကျောင်း အပ် လက်ခံဆောင်ရွက်ခဲ့ပြီး ဇူလိုင် လ ၂၁
ရက်တွင် ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီးကာ အလယ်တန်း အဆင့်ကို သြဂုတ်လတွင်
လည်းကောင်း၊ မူလတန်းကို နောက်ဆုံး အသုတ်တွင် လည်းကောင်း ဖွင့်လှစ်မည် ဖြစ်ပြီး
ကိုယ်ပိုင် ကျောင်းများ သည်လည်း လားတူဖွင့်လှစ်ရမည် ဖြစ်ကြောင်း သိရသည်။
.
တိုင်းဒေသကြီး/ ပြည်နယ် အား လုံးတွင် အခြေခံပညာ အထက် တန်း
အဆင့် ကျောင်းပေါင်း ၅၆၃၃ ကျောင်း ရှိသည့်အနက် ပုံမှန် ဖွင့် နိုင်မည့်
အထက်တန်းကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြား အထက်တန်းကျောင်း ၂၄၇၁ ကျောင်း၊
တစ်ပတ်ခြား ၂ သုတ် တက် အထက်တန်းကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြား၂ သုတ် ၃ ရက်
ခြားတက် အထက်တန်းကျောင်း ၁၄၄ ကျောင်း စီစဉ်ထားရှိထားပြီး ဘုန်းတော်ကြီးသင် အထက်တန်း
ကျောင်း ၃ ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း ၁၀၀၀ ကျောင်း ရှိပါကြောင်း သိရသည်။
.
No comments:
Post a Comment