လားရှိုးမြို့နယ်တွင် ​ငွေကျပ်သိန်း ၅၀၀ ​ကျော်တန်ဖိုးရှိ စိတ်ကြွ​ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 4, 2020

လားရှိုးမြို့နယ်တွင် ​ငွေကျပ်သိန်း ၅၀၀ ​ကျော်တန်ဖိုးရှိ စိတ်ကြွ​ဆေးများ ဖမ်းမိ

ဇေယျာ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှငွေကျပ် သိန်း ၅၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား တရားခံများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ ဇူလိုင်လ ရက်၊ ညဦးပိုင်း၌ လားရှိုးမြို့နယ်၊ လားရှိုး-မိုင်းယော်သွားကားလမ်းတွင် မိုင်းယော် မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မန်တုံမြို့နယ်၊ လိုင်မောက် ကျေးရွာနေ နော်ဆန်း()မာနော် စီးနင်း မောင်း နှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်တွင် သိုဝှက်သယ်ဆောင် လာသော ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၀၀ သိန်း)အားတွေ့ရှိခဲ့ကြောင်း သိရသည်။
.
ထို့နောက် ကွင်းဆက် ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ၏ ပိုင်ရှင်ဖြစ်သူ မန်တုံ မြို့နယ်၊ လိုင်မောက် ကျေးရွာနေ ထိန်းလွန်သည် စစ်ဆေးသည့် နေရာသို့ ရောက်ရှိလာသဖြင့် ဆက်လက်ရှာ ဖွေရာ ဆိုင်ကယ်တွင် သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူး သွပ်ဆေး ပြား ၈၀၀၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၆၀ သိန်း) မြန်မာငွေ ၃၅၀၀၀ ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူ ဖမ်းဆီးရမိသူများအား လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About