စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ညဈေးတန်းအား ဇူလိုင်လ
၂၁ ရက်မှ စတင်၍ ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ
ပြန်လည်ဖွင့်လှစ်ရောင်းချ ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
![]() |
Photo - IPRD (Shan North) |
.
“ညဈေးတန်း ၂၁ ရက် ပြန်ဖွင့်မှာ ဟုတ်ပါတယ်။ ကျန်းမာရေးရဲ့ လမ်းညွှန်ချက်အတိုင်း
ဖွင့်မှာပါ။ အချိန်က တော့ ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိပါပဲ။ တစ်ခန်းခြားစနစ်နဲ့ပဲ ဖွင့်ခွင့်ပြုမှာပါ။
ဆိုင်ခန်းအရေအတွက် ကတော့ အခုမှ မြေပုံ ဆွဲနေတုန်းဆိုတော့ မသိသေးပါဘူး” ဟု လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ ဦးကျော်ဇင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု
မရှိစေရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာအသီးသီးမှ ညဈေး တန်းများကို မတ်လ ၂၃ ရက်မှ
စတင်၍ ယာယီပိတ်ထားရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက ညွှန် ကြားထားခဲ့ခြင်းဖြစ်ပြီး
မြို့တော်တောင်ကြီးရှိ နာရီစင်ညဈေးတန်းအား ဇူလိုင်လ ၁၂ ရက်က ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်
အညီ တစ်ခန်းခြားစနစ်ဖြင့် ပြန်လည်ရောင်းချခွင့် ပြုထားကြောင်း သိရသည်။
.
လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်ပြီး
တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ မြို့ကြီး တစ်ခုဖြစ်ကာ လားရှိုးညဈေးတန်းမှာလည်း
ထင်ရှားကြောင်း သိရသည်။
.
No comments:
Post a Comment